ကူးစက်ခံခဲ့ရတဲ့ကာလအတွင်း သေပဲသေချင်ခဲ့တဲ့အထိ စိတ်ဓာတ်ကျခဲ့ပေမယ့် ကိုဗစ်ရောဂါဆိုးကြီးကို ရင်ဆိုင်အံတုနိုင်ခဲ့တဲ့ PDFလူငယ်လေးတစ်ဦး

//s9.kh1.co/28/288ba000a1efe88b89f91c374af3692e084bf5a3.jpg
နေ့စဉ်သတင်းများ

 ၂၆-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ကူးစက်ခံခဲ့ရတဲ့ကာလအတွင်း သေပဲသေချင်ခဲ့တဲ့အထိ စိတ်ဓာတ်ကျခဲ့ပေမယ့် ကိုဗစ်ရောဂါဆိုးကြီးကို ရင်ဆိုင်အံတုနိုင်ခဲ့တဲ့ PDFလူငယ်လေးတစ်ဦး

ကိုဗစ်တတိယလှိုင်းက မြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားမှာ ဖြစ်ပွားနေပြီး ကိုဗစ်ရောဂါကူးစက်မှုကြောင့် နေ့စဥ်အသက်သေဆုံးနေကြတဲ့ ပြည်သူတွေရဲ့ သတင်းတွေကိုလည်း စိတ်မကောင်းစွာနဲ့မြင်တွေ့နေရပါတယ်။ ကိုဗစ်ကူးစက်ခံရတဲ့ လူနာတွေလည်း များပြားလာနေပြီး စားဝတ်နေရေးခက်ခဲနေကြတဲ့ ကိုဗစ်လူနာတွေကို ပြည်သူတွေကလည်း လှူဒါန်းမှုတွေပြုလုပ်ပေးနေကြပါတယ်။ ကိုဗစ်ရောဂါကူးစက်မှုကို တောတောင်တွေထဲမှာနေထိုင်ပြီး စစ်ရေးလေ့ကျင့်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)လူငယ်အချို့လည်း ခံစားခဲ့ရကြောင်း သိရှိရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယနေJulyလ(26)ရက်နေ့မှာတော့ PDFလူငယ်တစ်ယောက်ဟာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရပေမယ့် ပြန်လည်ပျောက်ကင်းသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။ ကိုဗစ်ရောဂါပျောက်ကင်းသွားတဲ့ PDFလူငယ်လေးအတွက် ပြည်သူတွေက ဝမ်းသာနေကြပြီး နေပြန်ကောင်းခါစ ကျန်းမာရေးဂရုစိုက်ကြဖို့ ပြောဆိုနေကြပါတယ်။ အဆိုပါPDFလူငယ်လေးက Oxygenအိုး မရှိတဲ့အရပ်မှာ နေထိုင်ပြီး သဘာဝအတိုင်း ကိုဗစ်ရောဂါကိုကျော်ဖြတ်ခဲ့ရတာကြောင့် ခက်ခဲခဲ့ပေမယ့် ယခုလက်ရှိမှာတော့ အဆင်ပြေသွားပြီဖြစ်တဲ့အကြောင်း၊ ကိုဗစ်ကူးစက်ခံရတဲ့ (၁၁)ရက်တာကာလအတွင်း သေချင်စိတ်တွေပဲ ဖြစ်ပေါ်ခဲ့ကြောင်းကို ဖွင့်ဟပြောပြလာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ကိုဗစ်ပျောက်ကင်းသွားတဲ့ PDFလူငယ်လေးတစ်ဦးက " နောက်ဆုံးတော့ အနံ့ အရသာလည်းပြန်ရပြီး အဖျားလည်းမရှိတော့သလို လူလည်းလန်းဆန်းပါပြီ။Oxygen အိုး မရှိတဲ့အရပ်မှာ သဘာဝအတိုင်း Covid ကို ကျော်ဖြတ်ရတော့ နည်းနည်းပိုခက်ခဲပေမယ့်အဆင်ပြေပါတယ်။ အဖျားကတက်ရင် (105)အထိတက်ပြီး O2 က (92) (93 )မှာတင်းခံပါတယ်။လူကတော့ (၂၈)ပေါင် ကျသွားပါတယ်။ကြားကာလ (၁၁)ရက်အတွင်း စိတ်ဓာတ်ကျချက်ကတော့ သေပဲသေချင်နေခဲ့တာ "ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားပါတယ်။ အောက်ဆီဂျင်အိုးမရှိတဲ့ အရပ်ဒေသမှာတောင် ကိုဗစ်ရောဂါကိုအံတုနိုင်သူတွေရှိတာမို့ ပြည်သူအနေနဲ့လည်း စိတ်ဓာတ်မကျဘဲ ကိုဗစ်ရောဂါဆိုးကြီးကို တိုက်ထုတ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T