အလံဝါထောင်ပြီး ဆေးဝါးအကူအညီတောင်းခံထားတဲ့ အဘိုးနဲ့အဘွားကို အိမ်တိုင်ရာရောက်သွားရောက်ကူညီပေးကြတဲ့ ပရဟိတလူငယ်လေးများ

//s9.kh1.co/d1/d102b5f4d6a976ada1349dd0bce6cc82dcb2f813.jpg
နေ့စဉ်သတင်းများ

 ၂၆-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမှာ Covid 19တတိယလှိုင်း ကူးစက်မှုတွေကြောင့် မြန်မာပြည်အတွင်း သေဆုံးသူလူနာများ တစ်နေ့တစ်ထက်တစ်နေ့ ပိုမို များပြားလာနေပြီ ဖြစ်ပါတယ်။ ကိုဗစ်ကူးစက်မှုတွေမှာ အိမ်လုံးကျွတ်ကူးစက်မှုတွေအထိဖြစ်ပေါ်နေတာကြောင့် အပြင်လည်းမထွက်နိုင်ဖြစ်နေကြကာ ဆေးဝါးအကူအညီတွေလည်းလိုအပ်နေကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် ခုဆိုရင် အခက်အခဲဖြစ်နေတဲ့ အိမ်တွေရဲ့ အရှေ့မှာ အစားအစာ လိုအပ်ရင် အလံ အဖြူ ထောင်ကြသလို ဆေးဝါးလိုအပ်ရင် အလံအဝါလေးထောင်ကာ အကူအညီတောင်းခံလာကြတာကိုတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

စေတနာရှင် ပြည်သူတွေကလည်း ဒီလို အလံထောင်ထားတဲ့ အိမ်တွေတွေ့ရင် အစားအစာတွေ ၊ ဆေးဝါးတွေကို အရောက်သွားပို့ကာ ကူညီလှူဒါန်းပေးနေကြတာကို တွေ့ရပါတယ်။ တစ်ချို့ကလည်း အလံထောင်ထားတဲ့ အိမ်တွေတွေ့တာနဲ့ ဓာတ်ပုံရိုက်ကာ လူမှုကွန်ယက်စာမျက်နှာတွေမှာတင်ပေးရင်း အကူအညီတောင်းပေးနေကြတာဖြစ်ပါတယ်.....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ပြည်သူချင်းချင်းရိုင်းပင်းကူညီတတ်ကြတဲ့ စိတ်ထားတွေကြောင့် အခုလိုအခက်အခဲတွေကြားထဲမှာပဲ ပရဟိတလူငယ်လေးတွေအများအပြားပေါ်ပေါက်လာနေတာတွေ့ရပါတယ်။ မကြာသေးမီကလည်း ပရဟိတလူငယ်လေးတွေအဖွဲ့ဟာ အလံဝါထောင်ထားပြီးဆေးဝါးအကူအညီတောင်းခံထားတဲ့ အဘိုးနဲ့အဘွားနေအိမ်ကိုသွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T