ရုတ်တရက် အောက်ဆီဂျင် ထိုးကျသွားတဲ့ လူနာတွေအတွက် အရေးပေါ်ကုသလို့ရတဲ့ နည်းလမ်းကောင်းတစ်ခုကို ပြသလာတဲ့ ဆရာဝန်တစ်ဦး

//s9.kh1.co/8c/8ce252fe674117563b3e4e4e6cd4dc1449044695.jpg
နေ့စဉ်သတင်းများ

 ၂၆-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမှာတော့ ကိုဗစ်ရောဂါ ကူးစက်မှုတွေမြင့်တက်နေပေမယ့်လည်း အရင်လို ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ ကိုဗစ်စင်တာတွေ မရှိတာကြောင့် ပြည်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရရှာပါတယ်။ သိမြင်တတ်သလောက်လေးတွေနဲ့ မိမိတို့ရဲ့ နေအိမ်တွေမှာ အတတ်နိုင်ဆုံး ကုသနေကြတာကိုလည်း တွေ့နေရပါတယ်။ ဒီလိုနေအိမ်တွေမှာ ကုသနေရတဲ့ လူနာတွေအတွက် ကျန်းမာရေးသိမြင်တတ်ကျွမ်းတဲ့ သူတွေနဲ့ အတွေ့အကြုံရှိတဲ့ သူတွေက လူမှုကွန်ယက်တွေမှာ နည်းလမ်းကောင်းလေးတွေကို ပြန်လည်မျှဝေပေးကြပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

ဒီလိုပြန်လည်မျှဝေတဲ့ အထဲမှာလည်း ကိုဗစ်ရောဂါ နဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန် နည်းလမ်းလေးတွေအပြင် အရေးပေါ် အောက်ဆီဂျင်ကျလာတဲ့ လူနာတွေအတွက်လည်း အလွယ်တကူလုပ်လို့ရမယ့် နည်းလမ်းကောင်းတွေကို ပြန်လည်မျှဝေပေးကြတာ တွေ့ရပါတယ်။ ယခုမှာတော့ အောက်ဆီဂျင်ကျတတ်တဲ့ကိုဗစ်လူနာတွေအတွက် အကျိုးရှိအောင် ကျန်းမာရေးသိမြင်တတ်ကျွမ်းတဲ့ ဆရာဝန်တစ်ဦးရဲ့ ကုသနည်း ဗီဒီယိုလေးကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာတာ တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒါကတော့ ရုတ်တရက် အောက်ဆီဂျင်များထိုးကျပြီး အသက်ရှူခက်ခဲလာနေခဲ့ရင် အောက်ဆီဂျင်အမြန်ပြန်တက်လာအောင် အလွယ်တကူ ကုသလို့ရတဲ့ နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ လတ်တလောမှာ အများစုကတော့ ရုတ်တရက် အောက်ဆီဂျင်ထိုးကျကာ အသက်ရှူကြပ်ပြီး သေဆုံးနေရတာ ဖြစ်ပါတယ်။ ယခုမှာ လုပ်ပုံလုပ်နည်းလေးကအစ သေသေချာချာ ပြောပြီး လုပ်ပြပေးထားတာကြောင့် ဒီဗီဒီယိုလေးက တကယ့်ကို ပြည်သူတွေအတွက် အကျိုးရှိမယ်လို့ ထင်မိပါတယ်။ ဒီနည်းလမ်းလေးကို အခြားကိုဗစ်ရောဂါ ခံစားနေရတဲ့ လူနာတွေအတွက် အကျိုးရှိ​အောင်လည်း ပရိသတ်တွေက ပြန်လည်မျှဝေပေးပါဦးနော်...။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T