ကိုဗစ်ကူးစက်ရောဂါဆိုးကြီးကို အံတုရင်ဆိုင်ပြီး တိုက်ထုတ်ခဲ့လို့ ရောဂါပိုးကင်းစင်ကာ အိမ်ပြန်လာနိုင်ပြီဖြစ်တဲ့အသက်(၁၀၀)နှစ်ဘိုးဘိုး

//s9.kh1.co/f1/f16156d24a19cfcc4d66840298419f852e1b7677.jpeg
နေ့စဉ်သတင်းများ

 ၂၆-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်ကူးစက်ရောဂါဆိုးကြီးကို အံတုရင်ဆိုင်ပြီး တိုက်ထုတ်ခဲ့လို့ ရောဂါပိုးကင်းစင်ကာ အိမ်ပြန်လာနိုင်ပြီဖြစ်တဲ့အသက်(၁၀၀)နှစ်ဘိုးဘိုး

လက်ရှိမှာ တတိယလှိုင်းအနေနဲ့ မြန်မာပြည်တွင်းကို ဝင်ရောက်လာခဲ့တဲ့ ကိုဗစ်ရောဂါဆိုးကြီးကို ပြည်သူတွေစုပေါင်းအင်အားနဲ့ တိုက်ထုတ်နေကြတာဖြစ်ပါတယ်။ကိုဗစ်ရောဂါကူးစက်ခံရသူတွေကိုလည်း မိသားစုဝင်တွေနဲ့ပရဟိတအဖွဲ့တွေက ဂရုစိုက်စောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။အမြို့မြို့၊အနယ်နယ်မှာလည်း ကိုဗစ်ကူးစက်ခံရသူတွေကို စေတနာအပြည့်နဲ့ကုသပေးနေကြတာဖြစ်ပါတယ်။တချို့တွေကတော့ မိမိတို့အိမ်မှာပဲ သီးသန့်နေထိုင်ပြီး ရောဂါဆိုးကိုခုခံကြတာဖြစ်ပါတယ်။

Photo Credit:လေးဝတီကုလရက္ခိတပရဟိတအသင်း-ကျောက်ဖြူ
Photo Credit:လေးဝတီကုလရက္ခိတပရဟိတအသင်း-ကျောက်ဖြူ
Photo Credit:လေးဝတီကုလရက္ခိတပရဟိတအသင်း-ကျောက်ဖြူ
Photo Credit:လေးဝတီကုလရက္ခိတပရဟိတအသင်း-ကျောက်ဖြူ

ရခိုင်ပြည်နယ်မှာတော့ ကိုဗစ်ကူးစက်ခံထားရသူဦးရေ (၂၀၀၀)ကျော်ရှိနေပြီဖြစ်ပြီး သေဆုံးသူလည်း (၁၀၃)ဦးအထိ ရှိခဲ့ပြီလို့ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ကိုဗစ်ကူးစက်ရောဂါကြောင့် သေဆုံးသူတွေလည်းရှိသလို ပြန်လည်ကောင်းမွန်လာတဲ့သူတွေလည်းရှိပါတယ်။အခုဆိုရင်တော့ အသက်(၁၀၀)ရှိပြီဖြစ်တဲ့ အဘိုးတစ်ဦးက ကိုဗစ်ကူးစက်ခံလိုက်ရလို့ ဇူလိုင်လ(၁၇)ရက်နေ့မှာ ကျောက်ဖြူ၊ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့တာဖြစ်ပါတယ်။

Photo Credit:လေးဝတီကုလရက္ခိတပရဟိတအသင်း-ကျောက်ဖြူ
Photo Credit:လေးဝတီကုလရက္ခိတပရဟိတအသင်း-ကျောက်ဖြူ
Photo Credit:လေးဝတီကုလရက္ခိတပရဟိတအသင်း-ကျောက်ဖြူ
Photo Credit:လေးဝတီကုလရက္ခိတပရဟိတအသင်း-ကျောက်ဖြူ

ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူပြီးနောက် (၉)ရက်အကြာတွင် အဘိုးက ကိုဗစ်ကူးစက်ရောဂါဆိုးကြီးကို တိုက်ထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါ့ကြောင့် ဇူလိုင်လ (၂၅)ရက်နေ့မှာ ဆေးရုံပြန်ဆင်းလာပြီး ကျောက်ဖြူမြို့က ပရဟိတအဖွဲ့တွေက အဘိုးကို အိမ်ပြန်လိုက်ပို့ခဲ့တာဖြစ်ပါတယ်။အသက် (၁၀၀)နှစ်ရှိပေမယ့်လည်း ကိုဗစ်ရောဂါကိုအံတုပြီး စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ရင်ဆိုင်နိုင်ခဲ့တဲ့ အဘိုးရဲ့ပုံရိပ်တွေကို ဂုဏ်ယူစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:လေးဝတီကုလရက္ခိတပရဟိတအသင်း-ကျောက်ဖြူ
Photo Credit:လေးဝတီကုလရက္ခိတပရဟိတအသင်း-ကျောက်ဖြူ
Photo Credit:လေးဝတီကုလရက္ခိတပရဟိတအသင်း-ကျောက်ဖြူ
Photo Credit:လေးဝတီကုလရက္ခိတပရဟိတအသင်း-ကျောက်ဖြူ

Source&Photo Credit:လေးဝတီကုလရက္ခိတပရဟိတအသင်း-ကျောက်ဖြူ

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T