Ji Chang Wookဟာ တောင်ကိုရီးယားရဲ့နာမည်ကြီးမင်းသားတစ်ယောက်လည်းဖြစ်သလို မြန်မာပရိသတ်တွေလည်း ရင်းနှီးပြီးသားသရုပ်ဆောင်တစ်ဦးပါ။ Ji Chang Wookဟာ Healer (2014–2015), The K2 (2016), Suspicious Partner (2017), Melting Me Softly (2019), Backstreet Rookie (2020), Lovestruck in the City (2020)စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုများစွာရရှိထားတဲ့သူဖြစ်ပြီး မြန်မာမိန်းကလေးအတော်များများရဲ့ သည်းသည်းလှုပ်ချစ်ရတဲ့ မင်းသားတစ်ယောက်ပါ။
ဒီကနေ့မှာတော့ Ji Chang Wookဟာ Covid-19 Positiveအဖြေထွက်ရှိခဲ့တယ်လို့သိရပါတယ်။ ပြင်းထန်တဲ့ရောဂါလက္ခဏာမျိုးတော့မရှိခဲ့ပေမယ့် ဖျားနာတာမျိုးတော့ရှိခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိမှာ Chang Wookဟာ Netflix serie " The Sound of Magic " ကို HwangInYeop , ChoiSungEun တို့နဲ့အတူရိုက်ကူးနေတာဖြစ်ပြီး JTBCသတင်းအရ လောလောဆယ်ရိုက်ကူးရေးရပ်နားထားပြီး ဝန်ထမ်းတွေနဲ့သရုပ်ဆောင်တွေအားလုံး covid-19စမ်းသပ်စစ်ဆေးမှုခံယူနေကြတယ်လို့သိရပါတယ်။
အခုလောလောဆယ်မှာတော့ Ji Chang Wook တစ်ယောက် ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။ ပရိသတ်တွေအတွက် ဒီသတင်းအကြောင်းအရာလေးကို ပြန်လည်ဝေမျှရင်း Chang Wookတစ်ယောက်လည်း အမြန်ဆုံးသက်သာလာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Twitter