သူရဲ့ကားကို ရောင်းပြီး အောက်ဆီဂျင် ဝယ်ယူရန်အတွက် အလှူငွေတွေ လှူဒါန်းပေးခဲ့တဲ့ မြဝတီမြို့က လေးစားစရာ ပြည်သူတစ်ဦး

//s9.kh1.co/2c/2c632fb570e52cb4741b74e54f8c59f20c01f167.jpeg
နေ့စဉ်သတင်းများ

 ၂၆-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

......

Covid -19 ရောဂါကြောင့် အောက်ဆီဂျင် မလုံလောက်တဲ့ ပြဿနာတွေကို နေရာ အနှံ့အပြားက ပြည်သူတွေ ကြုံတွေ့ ရင်ဆိုင်နေရပါတယ် ။ အောက်ဆီဂျင် ပြတ်လပ်မှုတွေကြောင့် သေဆုံးကြသူတွေလည်း တစ်နေ့ထက်တစ်နေ့ မနည်းတော့ပါဘူး ။ ဒါ့ကြောင့် ခုဆိုရင် တတ်နိုင်သလောက်  ပြည်သူတွေ ၊ ပရဟိတ အသင်းတွေ ပူးပေါင်းပြီး အောက်ဆီဂျင် လုံလောက်အောင် ဝယ်ယူလှူဒါန်းမှုတွေ ပြုလုပ်နေပါပြီ။ 

Photo Credit : Original uploader
Photo Credit : Original uploader

ပြည်သူတွေရဲ့ ကိုယ်ချင်းစာနာစိတ် အပြည့်ရှိပြီး စည်းလုံးနေမှုတွေကတော့ မိမိပိုင်ဆိုင်တဲ့ အရာတွေကိုပါ ရောင်းချပြီး လှူဒါန်းပါဝင်နေကြတဲ့ အထိပါပဲ ။ တစ်ချို့ဆို အိမ်တွေ မြေဂရမ်တွေနဲ့ပါ အောက်ဆီဂျင် အိုးတွေကို အလဲအထပ် လုပ်ကာလှူဒါန်းကြတာတွေ့ရပါတယ် ။ အခုလည်း မြဝတီမြို့မှာ ပြည်သူတစ်ယောက်က သူရဲ့ ကားကို ရောင်းချကာ အောက်ဆီဂျင်ဝယ်ယူရန်အတွက် အလှူငွေများ လှူဒါန်းခဲ့တဲ့ ပို့စ်လေးကို တွေ့ရပါတယ် ။

Photo Credit : Original uploader
Photo Credit : Original uploader

ဒီသတင်းကို သိသိချင်း ပြည်သူတွေကလည်း သူရဲ့ မွန်မြတ်တဲ့ လုပ်ရပ်ကို ချီးကျုးခဲ့ကြတာတွေ့ရပါတယ် ။ မြန်မာလူမျိုးတွေရဲ့ သဒ္ဓါတရား ထက်သန်မှု ၊ ဖေးမ ကူညီတတ်မှုတွေက​တော့ တကယ်ကို လေးစားစရာတွေပါပဲ ။  ခုလိုဝိုင်းဝန်း လှူဒါန်းမှုတွေကြောင့် မကြာခင်မှာအောက်ဆီဂျင်လိုအပ်နေတဲ့ ပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းနိုင်တော့မယ်လို့ ယုံကြည်မိရင်း ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo Credit : Original uploader
Photo Credit : Original uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T