ရန်သူတွေကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် တောထဲမှာ သေနတ်ပစ်နည်းကို စနစ်တကျ လေ့ကျင့်နေတဲ့ တိုင်းကျော်ရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/f6/f6886b1ee17585fa16108aec6a46f6212d84b86e.jpeg
အနုပညာရှင်များ

 ၂၆-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဟားငါးကောင်အဖွဲ့သားများဟာ လွတ်မြောက်နယ်မြေတစ်နေရာတွင် တော်လှန်ရေးတိုက်ပွဲများအတွက် စစ်ပညာသင်ကြားလျက် ရှိနေတာ ဖြစ်ပါတယ်။ တောထဲမှာ နေထိုင်နေရတဲ့ သူတို့ရဲ့ အခြေအနေတွေကို အန္တရာယ်ရှိတဲ့ကြားကနေ ပြည်သူတွေ သိရှိကြစေဖို့ လူမှုကွန်ယက်များမှတစ်ဆင့် ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်နာရီပိုင်းလောက်ကလည်း ဟာသလူရွှင်တော် တိုင်းကျော်ရဲ့ Facebook အကောင့်တွင် ဗီဒီယိုဖိုင်တစ်ခု ဝေမျှပေးထားတာ ဖြစ်ပါတယ်။

Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 

ဒါကတော့ ရန်သူတွေကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် တောထဲတွင် သေနတ်ပစ်နည်းကို စနစ်တကျ လေ့ကျင့်နေတဲ့ တိုင်းကျော်ရဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ တိုင်းကျော်ကတော့ ဖေဖော်ဝါရီလအစပိုင်းမှစတင်ပြီး ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုကနေ တစ်ဆင့်တက်ပြီးတော်လှန်ရေးအတွက် ပြင်ဆင်လေ့ကျင့်တဲ့အခါမှာလည်း ရှေ့ဆုံးကနေ ကြိုးစားဆောင်ရွက်ပေးခဲ့ ကြတာကိုလေးစား ဂုဏ်ယူဖွယ် မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ 

Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 

တောထဲမှာ အခက်အခဲတွေမျိုးစုံနဲ့ ကြုံတွေ့ရပေမယ့်ညည်းညူခြင်း လုံးဝမရှိဘဲ အရေးတော်ပုံအောင်မြင်ဖို့ကိုသာရှေ့တန်းတင်ထားကြတာ ဖြစ်ပါတယ်။ ပြည်သူများကလည်း ကျန်းမာရေးအထူးဂရုစိုက်ကြဖို့ comment များတွင်စိုးရိမ်တကြီး မှာနေကြတာ ဖြစ်ပါတယ်။ အခုချိန်ထိ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ပေးခဲ့ပြီးတော်လှန်ရေးတိုက်ပွဲအတွက် ကြိုးစားလေ့ကျင့်နေတဲ့ တိုင်းကျော်ရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Taing Kyaw’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T