သုသာန်မှာ အကူအညီပေးနေကြတဲ့သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ထမင်းဘူးလေးတွေလှူဒါန်းခဲ့တဲ့ သဇင်ထူးမြင့်တို့မိသားစု

//s9.kh1.co/18/18854ea22347ba06d8d9a33680cabe2505a77399.jpg
အနုပညာရှင်များ

 ၂၆-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် သဇင်ထူးမြင့်ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ လမ်းထွက်ဆန္ဒပြမှုတွေမှာလည်း နေ့တိုင်းလိုလိုပါ၀င်ခဲ့တဲ့သူဖြစ်ပြီး မိသားစုလိုက်ရပ်တည်ချက်ပြတ်ပြတ်သားသားနဲ့ လျှောက်လှမ်းခဲ့တာကြောင့် ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူခံထားရတာဖြစ်ပါတယ်.....။

Photo credit-​ Thazin Htoo Myint's Facebook acc
Photo credit-​ Thazin Htoo Myint's Facebook acc
Photo credit-​ Thazin Htoo Myint's Facebook acc
Photo credit-​ Thazin Htoo Myint's Facebook acc

သဇင်ထူးမြင့်တို့မိသားစုဟာ ၅၀၅(က)နဲ့အမှုဖွင့်ခံထားရတာကြောင့် ဘေးလွတ်ရာကိုတိမ်းရှောင်နေရပေမယ့်လည်း အရေးတော်ပုံကြီးအောင်မြင်ရေးနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ကိုဗစ်အခြေအနေတွေမှာ တတ်နိုင်တဲ့ဘက်ကနေပါ၀င်ကူညီပေးနေတာ တွေ့ရပါတယ်။ ယနေ့မှာဆိုရင်လည်း သဇင်ထူးမြင့်တို့မိသားစုဟာ သုသာန်တွေမှာ အပင်ပန်းခံပြီးကူညီပေးနေကြတဲ့ ပရဟိတအဖွဲ့သားတွေနဲ့ မီးသဂြိုလ်‌ပေးဖို့စောင့်နေကြရတဲ့သူတွေအတွက် ထမင်းဘူးတွေလှူဒါန်းခဲ့တာဖြစ်ပါတယ်။

Photo credit-​ Thazin Htoo Myint's Facebook acc
Photo credit-​ Thazin Htoo Myint's Facebook acc
Photo credit-​ Thazin Htoo Myint's Facebook acc
Photo credit-​ Thazin Htoo Myint's Facebook acc

ဒီအကြောင်းအရာလေးကိုလည်း သူမရဲ့ Facebookစာမျက်နှာမှာ "သုသာန်မှာ အကြာကြီးစောင့်နေရတဲ့သူတွေကို ထမင်းဘူးတွေလှူဖို့တွက် ကူညီလှူဒါန်းပေးတဲ့ Clean Yangon ကအကိုတွေကို အရမ်းကျေးဇူးတင်ပါတယ်…ပရဟိတအသင်း၂ခုကို ဒီနေ့မှာလှူဒါန်းဖို့တွက် ကြိုတင်ပြင်ဆင်နေတုန်း မနေ့က မထင်မှတ်ပဲကြားလိုက်ရတဲ့သတင်းက သဲတို့အဖွားလေး အောက်စီဂျင်ကျပြီး ရုတ်တရက်ဆုံးပါးသွားပါတယ်…အဲ့တော့ဒီအလှူလေးကို အဖွားလေးတွက် ရည်စူးပြီး

လှူဒါန်းပါတယ်?အဖွားကောင်းရာဘုံဘဝမှာ

အေးအေးချမ်းချမ်းရှိနေမယ်လို့လည်းယုံကြည်ပါတယ်နောက်ဆုံးခရီးကို လိုက်ပို့ခွင့်လည်းမရခဲ့ပေမယ့်အဖွားတွက် တတ်နိုင်သလောက်

ကောင်းမှုကုသိုလ်တွေ ထပ်ပြီးလုပ်ပေးသွားပါ့မယ်…." ဆိုပြီးရေးသားမျှဝေထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-​ Thazin Htoo Myint's Facebook acc
Photo credit-​ Thazin Htoo Myint's Facebook acc
Photo credit-​ Thazin Htoo Myint's Facebook acc
Photo credit-​ Thazin Htoo Myint's Facebook acc

သတင်း အရင်းအမြစ်Thazin Htoo Myint's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T