ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး သူကိုယ်တိုင် မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ချို့အား ရင်ဖွင့်ရေးသားလာတဲ့ ကျော်ကျော်

//s9.kh1.co/a3/a3bec087d522f61db37e9b27ff1b273f06c94752.jpeg
အနုပညာရှင်များ

 ၂၆-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကိုဗစ်ရောဂါကူးစက်မှုကြောင့် တစ်နေ့ထက် တစ်နေ့ ပြည်သူတွေများစွာ အသက်ဆုံးရှုံးနေကြရတာ ဖြစ်ပါတယ်။ရန်သူကို အရမ်းလျော့တွက်ပြီး ပေါ့ပေါဆဆနေခဲ့မိတဲ့အတွက် လက်ရှိအခြေအနေတွေကို ကြုံတွေ့နေကြရတာဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သရုပ်ဆောင် ကျော်ကျော်ရဲ့ လူမှုကွန်ယက်တွင် ကိုဗစ်ရောဂါဖြစ်ခဲ့ပါက လုပ်ဆောင်ရမယ့် အရေးကြီးအချက်အလက်များကို ရေးသားပြောပြလာတာ ဖြစ်ပါတယ်။ 

Photo Crd-Kyaw Naing Oo’s Facebook Account 
Photo Crd-Kyaw Naing Oo’s Facebook Account 
Photo Crd-Kyaw Naing Oo’s Facebook Account 
Photo Crd-Kyaw Naing Oo’s Facebook Account 

ငါတော့ မကူးနိုင်ပါဘူး ကူးလည်း မသေနိုင်ပါဘူးဆိုတဲ့ အတွေးတွေနဲ့ အစောပိုင်းနေ့ရက်တွေကို ဖြတ်သန်းမိခဲ့ကြတဲ့အတွက် အခုချိန်မှာ လူကြီးလူငယ်မရွေး အသက်တွေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေခဲ့ကြရတာ ဖြစ်ပါတယ်။တကယ်တော့ အောက်ဆီဂျင်ဟာ အဖြေမဟုတ်ဘူးဆိုတာသေဆုံးသွားတဲ့ လူနာရှင်တွေ ကိုယ်တိုင်သိကြမှာ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါပိုးမှ အဆုတ်ကို မတိုက်ခိုက်သေးခင် ခန္ဓာကိုယ်က ခုခံဖို့ အချိန်ဟာ အရေးကြီးဆုံးကာလတစ်ခုဖြစ်ပြီး အဲ့အချိန်လေးကို ပေါ့ဆစွာနေခဲ့မိတာကြောင့် မမျှော်လင့်ဘဲ အသက်တွေ ဆုံးရှုံးခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မဖျားနာရအောင် ကြိုးစားပြီး နေသင့်သလို စဖျားပြီဆိုတာနဲ့ အစားများများ စားပေးပြီး ကိုယ်ခံအားကောင်းအောင် နေထိုင်သင့်ပါတယ်။

Photo Crd-Kyaw Naing Oo’s Facebook Account 
Photo Crd-Kyaw Naing Oo’s Facebook Account 
Photo Crd-Kyaw Naing Oo’s Facebook Account 
Photo Crd-Kyaw Naing Oo’s Facebook Account 

သေဆုံးသွားသူတွေ ပေးဆပ်ခဲ့ရတဲ့ အသိတရားတွေကို အချည်းနှီးမဖြစ်ရအောင် ရှင်သန်ကျန်ရစ်ခဲ့သူများအားလုံးက အကောင်းဆုံး အသုံးချပြီး နေထိုင်သင့်ကြောင်း အခုလို ရေးသားပြောပြလာတာ ဖြစ်ပါတယ်။ " ဒီစာကိုခုမှရေးနိုင်တာကလည်း အဖြစ်အပျက်တွေကိုမျက်ဝါးထင်ထင်မြင်တွေ့ရပြီးမှ သိလာတဲ့အသိမို့ပါ ဒါပေမယ့်အချိန်ကတော့ နှောင်းနေပါပြီ..တကယ်တော့ ကျွန်တော်တို့တွေဟာ ကြိုတင်ကာကွယ်မူမှာ အရမ်းအားနည်းခဲ့ကြပါတယ်...မကြောက်တတ်ဘူး  မစိုးရိမ်တတ်ကြဘူး..ကိုယ်ခံရမှ နောက်ကနေ ကသန်းကယမ်းတွေလိုက်လုပ်ရတော့အဲ့အခါကျ ဘယ်သူမှမကယ်နိုင်တော့ဘူး...ဒါကြောင့် သေဆုံးသွားတဲ့လူတွေ ပေးဆပ်ခဲ့တဲ့အသိတရားကိုအချဥ်းအနှီးမဖြစ်ရအောင် ရှင်သန်ကျန်ရစ်ခဲ့သူကျွန်တော်တို့ တွေကအကောင်းဆုံးအသုံးချပြီး ကိုဗစ်ကိုကျော်ဖြတ်ပြနိုင်မှ သူတို့လည်း ကျေနပ်မယ်လို့ ကျွန်တော်ကတော့ယုံကြည်တယ်...ဒါကြောင့် ရောဂါမဖြစ်သေးတဲ့သူတွေလဲ သတိကြီးကြီးထားပြီး ကာကွယ်ပါ...ကြောက်တတ်ပါ...ကိုယ့်အတွက်ကော မိသားစုအတွက်ကော တွေးပြီး စိုးရိမ်ပေးကြပါ...ရောဂါခံစားနေရသူတွေလည်း ငါမသေရဖူးဆိုတဲ့စိတ်နဲ့အားတင်းပြီး ကျော်ဖြတ်ပေးကြပါ...နိုင်ငံရေးရိုက်ခတ်မူတွေပြင်းထန်နေတာကို အခွင့်ကောင်းယူပြီး ကိုဗစ်ကတော့ ခေါ်လို့ရသလောက်ခေါ်မှာပဲ...ဒါကြောင့်ဘယ်သူမှအားကိုးလို့မရတဲ့ ခုလိုအခိုက်အတန့်မှာ မိမိကိုယ်သာအားကိုးရာဆိုတဲ့ အသိ သတိနဲ့ဖြတ်ကျော်ပြီး မသေအောင်နေကြရင်း ကိုယ်ဖြစ်ချင်တဲ့ပန်းတိုင်တွေကိုရောက်အောင် လျှောက်ကြရအောင်ဗျာ ???" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ကပ်ရောဂါဘေးဆိုးကြီးကနေ ကာကွယ်နိုင်ဖို့ အတတ်နိုင်ဆုံး ကျန်းမာကြံ့ခိုင်အောင် နေထိုင်စားသောက်သင့်ပါတယ်။ သူကိုယ်တိုင် မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရတာတွေကို ရေးသားထားတဲ့ ကျော်ကျော်ရဲ့သတင်းကိုအားလုံးလည်း ဗဟုသုတရရှိစေဖို့ တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Kyaw Naing Oo’s Facebook Account 

Photo Crd-Kyaw Naing Oo’s Facebook Account 
Photo Crd-Kyaw Naing Oo’s Facebook Account 
Photo Crd-Kyaw Naing Oo’s Facebook Account 
Photo Crd-Kyaw Naing Oo’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T