တံတားတစ်စီးပျက်စီးခဲ့ရတဲ့အထိ ကြောက်စရာကောင်းလောက်အောင် ရေကြီးရေလျှံမှုတွေဖြစ်နေတဲ့ ဒေါင်းမြူးချောင်းရဲ့လက်ရှိအခြေအနေ

//s9.kh1.co/20/201202b4a721b8f62749fe559772294ed96d57ed.jpg
နေ့စဉ်သတင်းများ

 ၂၆-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

တံတားတစ်စီးပျက်စီးခဲ့ရတဲ့အထိ ကြောက်စရာကောင်းလောက်အောင် ရေကြီးရေလျှံမှုတွေဖြစ်နေတဲ့ ဒေါင်းမြူးချောင်းရဲ့လက်ရှိအခြေအနေ

အာဏာသိမ်းမှုကြောင့် ဒုက္ခရောက်နေကြချိန် ကိုဗစ်တတိယလှိုင်းတွေပြန်ဖြစ်လာတာကြောင့် ပြည်သူအများအပြားဟာ စားဝတ်နေရေးအပြင် ကျန်းမာရေးအခက်အခဲတွေကိုပါ ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားမှာ မိုးတွေဆက်တိုက်ရွာသွန်းတာကြောင့် မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နေပါတယ်။ နေအိမ်တွေထဲအထိ ရေတွေဝင်ရောက်သလို မိုးရွာသွန်းလို့ သွားလာရေးတွေခက်ခဲတာကြောင့် ပြည်သူတွေဟာ တစ်ဘူပေါ် နှစ်ဘူဆင့်သလိုဖြစ်နေပြီး ဒုက္ခတွေကိုအရင်ကထက် ပိုမိုရင်ဆိုင်ခံစားနေရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယနေ့Julyလ(26)ရက်နေ့ မနက်ပိုင်းမှာတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ဝန်းသိုမြို့နယ်၊ ဒေါင်းမြူးချောင်းဟာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပါတယ်။ကြောက်စရာကောင်းလောက်အောင် ရေတွေက အရှိန်အဟုန်ပြင်းပြင်းနဲ့စီးဆင်းနေပြီး ရေကြီးမှုဖြစ်ပေါ်နေကြောင်းကို ဒေသခံပြည်သူတစ်ယောက်က ဗီဒီယိုရိုက်ကူးပြီး လူအများသိရှိအောင်ပြသလာခဲ့ပါတယ်။ အဆိုပါရေကြီးရေလျှံမှုကြောင့် နေအိမ်တွေထဲ ရေတွေထဲလည်းဝင်ရောက်နေသလို ဝန်းသိုပိန္နဲကုန်းရှိ ချောင်းကူးတံတားတစ်စင်းလည်း တစ်စစီကျိုးပဲ့ပျက်စီးသွားခဲ့ကြောင်း သိရှိပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဒေါင်းမြူးချောင်းရဲ့အောက်ဖက်မှာ နေထိုင်နေတဲ့လူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ တိုက်တွန်းနေကြပြီး ဘေးကင်းကြစေဖို့ ပြည်သူတွေက ဆုတောင်းမှုတွေပြုလုပ်ပေးနေကြပါတယ်။ ဝန်းသိုမြို့နည်းတူ တစ်ခြားနေရာမှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေကာ နေအိမ်တွေထဲရေတွေဝင်ရောက်တာကြောင့် ပြောင်းရွှေ့နေထိုင်ရမှုတွေ ရှိနေပါတယ်။ ကြောက်စရာကောင်းလောက်အောင် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတဲ့ ဒေါင်းမြူးချောင်းရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်ကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T