သဘာဝတရား ရိပ်သာမှာ ကိုဗစ်ကြောင့် သေဆုံးသွားတဲ့ အဖိုးအဖွား (၁၇)ဦးကို နိဗ္ဗာန် ယာဉ်မလုံလောက်လို့ ဒိုင်နာကားနဲ့ သယ်နေရတဲ့ ကြေကွဲစရာ ဖြစ်ရပ်

//s9.kh1.co/2a/2a395771257c9f8823d079f88e76faaf957fa37f.jpeg
နေ့စဉ်သတင်းများ

 ၂၆-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.....

ခုမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါက အရင်ကထက် ပိုမို ပြင်းထန်တာကြောင့် ရောဂါဒဏ်မခံနိုင်တဲ့ သက်ကြီးရွယ်အိုတွေ ၊ အခြားသော ရောဂါ အခံရှိသူတွေ ကူးစက်ခံရမယ်ဆိုရင် အတော်လေး ဂရုစိုက်ဖို့ လိုအပ်ပါတယ် ။ ကုသရမယ့် နေရာတွေလည်း အခုထိ သေသေချာချာမရှိလို့ ရောဂါကူးစက်ပြီး အသက်ဆုံးရှုံးတဲ့ သက်ကြီးရွယ်အိုတွေ မနည်းပါဘူး။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

တစ်ခါတစ်ခါသေဆုံးကြသူတွေကလည်း များပြားလွန်းလို့ မီးသင်္ဂြိုဟ်ဖို့လည်း မနိုင်တော့တဲ့ အထိပါပဲ ။ ရုပ်အလောင်းတွေတောင် တစ်ကားကို သုံးလေးလောင်း စုတင်ရတာတွေ ရှိသလို တစ်ချို့ဆို ဆိုက်ကားတွေ ဒိုင်နာကားတွေနဲ့တောင် သယ်ဆောင်လာရသည်အထိ အခြေအနေတွေ အရမ်း ဆိုးရွားနေတာပါ ။ မနေ့ကဆိုရင်လည်း ရန်ကုန်တိုင်းဒေသကြီး သံလျင်သဘာဝတရားရိပ်သာမှာ အဖိုးအဖွားတွေ ကိုဗစ်ရောဂါ ကူးစက်ခံရပြီး သေဆုံးခဲ့ရတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

သေဆုံးတဲ့ အဖိုးအဖွားတွေ များလို့ နိဗ္ဗာန်ယာဉ်မလုံလောက်တာကြောင့် ဒိုင်နာကားပေါ်ပဲ အကုန်တင်ပြီး သယ်ဆောင်ခဲ့ရတယ်လို့လည်း သိရပါတယ် ။ တကယ်ကို ကြေကွဲစရာကောင်းတဲ့ မြင်ကွင်းတွေပါပဲ ။ အဖိုးအဖွားတွေ ခမျာ အသက်ကလည်း ကြီးပြီမို့ ရောဂါဒဏ်ကို ဘယ်လောက် ခံစားသွားကြရမလည်း ။ ပရိသတ်ကြီးအတွက် ဒီစိတ်မကောင်းစရာ သတင်းလေးကို ပြန်လည်ဝေမျှပေးရင်း အားလုံးလည်း ကိုဗစ်ရောဂါကပ်ဆိုးကြီးကနေ ကင်းဝေးကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T