အဆိုတော်ရွှေရည်သိန်းတန်ရဲ့ အမျိုးသား ကွယ်လွန်သွားတာကြောင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့က ရုပ်အလောင်းကိုသယ်ယူပို့ဆောင်ပေးကြတဲ့ မြင်ကွင်း

//s9.kh1.co/f2/f2a6838670ab9441c6431a3803bba1d0803ed6ef.jpeg
အနုပညာရှင်များ

 ၂၆-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အဆိုတော်ရွှေရည်သိန်းတန်ရဲ့ အမျိုးသား ကွယ်လွန်သွားတာကြောင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့က ရုပ်အလောင်းကိုသယ်ယူပို့ဆောင်ပေးကြတဲ့ မြင်ကွင်း

ပရိသတ်တွေရဲ့ချစ်ခင်မှုကိုပိုင်ဆိုင်ထားတဲ့ အဆိုတော်ရွှေရည်သိန်းတန်ကတော့ သူမရဲ့အမျိုးသားနဲ့အတူအလှူအတန်းတွေကို အမြဲမပြတ်လုပ်ဆောင်ပြီး စိတ်ထားပြည့်ဝကြသူတွေဖြစ်ပါတယ်။ရွှေရည်သိန်းတန်တို့ဇနီးမောင်နှံနှစ်ယောက်လုံးရဲ့စိတ်ထားကို ပြည်သူတွေကလည်းလေးစားနေကြတာဖြစ်ပါတယ်။အခက်အခဲနဲ့ကြုံတွေ့နေရသူတွေကိုလည်း သူမတို့ဇနီးမောင်နှံက မေတ္တာတရားရှေ့ထားပြီး တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးတတ်ကြတာဖြစ်ပါတယ်။

Photo Credit:Shwe Yee Thein Tan’s Fb acc
Photo Credit:Shwe Yee Thein Tan’s Fb acc
Photo Credit:Shwe Yee Thein Tan’s Fb acc
Photo Credit:Shwe Yee Thein Tan’s Fb acc

ရွှေရည်သိန်းတန်ရဲ့အမျိုးသားက ဒီနေ့မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့တယ်ဆိုတဲ့သတင်းကိုကြားသိလိုက်ရပါတယ်။ရွှေရည်သိန်းတန်လည်း ခင်ပွန်းကို အပြီးတိုင်ဆုံးရှုံးလိုက်ရတာဖြစ်လို့ အရမ်းဝမ်းနည်းပြီးနာကျင်ခံစားနေရမှာပဲဖြစ်ပါတယ်။အခုဆိုရင်တော့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က သေဆုံးသူရဲ့ရုပ်အလောင်းကိုသွားရောက်သယ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူတွေကတော့ အမျိုးသားကိုဆုံးရှုံးလိုက်ရတဲ့ ရွှေရည်သိန်းတန်ကို ကိုယ်ချင်းစာပြီး ထပ်တူဝမ်းနည်းနေကြတာပဲဖြစ်ပါတယ်။

Photo Credit:Htin Lin Aung’s Fb acc
Photo Credit:Htin Lin Aung’s Fb acc
Photo Credit:Htin Lin Aung’s Fb acc
Photo Credit:Htin Lin Aung’s Fb acc
Photo Credit:Htin Lin Aung’s Fb acc
Photo Credit:Htin Lin Aung’s Fb acc

လက်ရှိမှာတော့ ကိုဗစ်ရောဂါအခြေအနေကြောင့် ချစ်သူ၊ခင်သူတွေလည်း သေကွဲခွဲနေရပြီး နေ့တိုင်းနီးပါး စိတ်မကောင်းစရာသတင်းတွေကိုသာ ကြားသိနေရတာဖြစ်ပါတယ်။အချိန်မတန်သေးဘဲနဲ့ မိသားစုကိုခွဲခွါပြီး ထွက်ခွါသွားတဲ့ ရွှေရည်သိန်းတန်ရဲ့ အမျိုးသားလည်း ကောင်းရာဘုံဘဝကိုရောက်ပါစေလို့ ဆုတောင်းပေးပါတယ်။တစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်နေရတဲ့သတင်းတွေကြောင့် ပြည်သူတွေလည်း ကျန်ရစ်သူမိသားစုနဲ့ထပ်တူခံစားနာကျင်နေရတဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Htin Lin Aung’s Fb acc
Photo Credit:Htin Lin Aung’s Fb acc
Photo Credit:Htin Lin Aung’s Fb acc
Photo Credit:Htin Lin Aung’s Fb acc

Source&Photo Credit:Htin Lin Aung’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T