မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကမ်းပါးပြိုကျပြီး နေအိမ်များ မြေဖုံးလွှမ်းသွားခဲ့ရတဲ့ လောင်းလုံးမြို့နယ်ထဲက ကြေကွဲစရာအဖြစ်

//s9.kh1.co/5b/5bd9f6756e6f67336de4d732f77fae1001c3972d.jpg
နေ့စဉ်သတင်းများ

 ၂၆-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

နှစ်စဥ်နှစ်တိုင်း မြန်မာနိုင်ငံရဲ့ မိုးရာသီကာလတွေမှာတော့ ရေကြီးမှုတွေနဲ့ မြေပြိုမှုတွေကိုပါ မကြာခဏ ဖြစ်ပေါ်လာတာ တွေ့ရပါတယ်။ လတ်တလောမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ ဖြစ်နေတဲ့ကြားကနေ တချို့မြို့နယ်တွေမှာ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေအပြင် မြေပြိုကျမှုတွေပါဆိုးဆိုးရွားရွား ဖြစ်ပွားနေကြတာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတော့ လမ်းလုပ်သားများ ပျောက်ဆုံးသွားရတဲ့အထိ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေပါ ဖြစ်ပေါ်ခဲ့ပါတယ်။

Photo Credit -She fb account
Photo Credit -She fb account
Photo Credit -She fb account
Photo Credit -She fb account
Photo Credit -She fb account
Photo Credit -She fb account

ယခုမှာလည်း ဇူလိုင်လ (၂၅)ရက်နေ့က ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု အင်းနီတွင်းရွာမှာ မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် တောင်ကမ်းပါး မြေပြိုကျမှုဖြစ်ခဲ့တယ်လို့ ကြားသိရပါတယ်။ ယင်း မြေပြိုကျမှုတွေကြောင့် အနီးရှိလူနေအိမ် (၆)လုံး မြေဖုံးလွှမ်းခဲ့ပြီး ပျက်စီးသွားခဲ့ရတဲ့အပြင် သက်ကြီးရွယ်အို(၃)ဦလည်းး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ သက်ကြီးရွယ်အို(၃)ဦးကိုတော့ ထားဝယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo Credit -She fb account
Photo Credit -She fb account
Photo Credit -She fb account
Photo Credit -She fb account
Photo Credit -She fb account
Photo Credit -She fb account

ပျံ့နှံ့လာတဲ့ သတင်းများအရ ယင်းမြေပြိုကျခဲ့တဲ့ တောင်ကုန်းကတော့ ယခုနှစ် နွေရာသီက မြေအကွက်ရိုက်ရောင်းချရန် မြေပိုင်ရှင်များက ပြုပြင်ခဲ့ပြီး စနစ်မကျခြင်းကြောင့် မြေပြိုရတယ်လို့လည်း ကြားသိရပါတယ်။ လက်ရှိမှာတော့ အဆိုပါတောင်ကမ်းပါးများ ပြိုကျနေတဲ့ နေရာတွေကို ဒေသခံပြည်သူတွေက ရှင်းလင်းမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီသတင်းလေးကိုတော့ မြို့ခံပြည်သူတစ်ဦးက ဖော်ပြပေးခဲ့လို့ ပရိသတ်တွေသိရှိအောင် ပြန်လည်ကူး​ယူပြီး ဖော်ပြပေးလိုက်ပါတယ်။

Photo Credit -She fb account
Photo Credit -She fb account
Photo Credit -She fb account
Photo Credit -She fb account
Photo Credit -She fb account
Photo Credit -She fb account

သတင်း အရင်းအမြစ်Source -Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T