အောက်ဆီဂျင်အိုးလုံးဝမလိုလိုက်ဘဲ (၉၇)ထိပြန်တက်လာအောင် ကိုယ်တိုင်လက်တွေ့ကျင့်သုံးထားတဲ့နည်းလမ်းတွေကို ဖွင့်ဟလာတဲ့ပြည်သူတစ်ဦး

//s9.kh1.co/0a/0a2e760760145afed005d0ac9ba8c208832d2e92.jpeg
နေ့စဉ်သတင်းများ

 ၂၆-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အောက်ဆီဂျင်အိုးလုံးဝမလိုလိုက်ဘဲ (၉၇)ထိပြန်တက်လာအောင် ကိုယ်တိုင်လက်တွေ့ကျင့်သုံးထားတဲ့နည်းလမ်းတွေကို ဖွင့်ဟလာတဲ့ပြည်သူတစ်ဦး

ကိုဗစ်ရောဂါအခြေအနေကတော့ ဇူလိုင်လ (၂၅)ရက်နေ့ကဆိုရင် ကူးစက်ခံရသူဦးရေ (၄၉၉၈)ယောက်ရှိခဲ့ပြီးသေဆုံးသူကလည်း (၃၅၅)ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ကိုဗစ်ကူးစက်ခံလိုက်ရတဲ့ တချို့ပြည်သူတွေဆိုရင်စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ အဟာရပြည့်ဝအောင်သာစားသောက်ပြီး ရောဂါကို တိုက်ထုတ်ကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ပြည်သူတစ်ဦးက သူကိုယ်တိုင်အောက်ဆီဂျင်ကျလာလို့ ဖြေရှင်းတဲ့နည်းလမ်းကို ရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

အဲ့ဒီပြည်သူကတော့ အောက်ဆီဂျင်ကျလာပြီဆိုတာကို သိတာနဲ့ ရေနွေးငွေ့ရှူဖို့အတွက် သူ့ရဲ့အမျိုးသမီးကိုရေနွေးအိုးတည်ခိုင်းလိုက်တာဖြစ်ပါတယ်။ရေနွေးအိုးတည်ထားတဲ့အချိန်မှာ သူက လေ့ကျင့်ခန်းစလုပ်တာဖြစ်ပါတယ်။ပထမဆုံးလေ့ကျင့်ခန်းကတော့ လက်နှစ်ဖက်ကိုဘေးသို့ကားပြီး ရင်ဘတ်ကိုဖွင့်ကာ နှာခေါင်းနဲ့အသက်ပြင်းပြင်းရှူပြီး ပါးစပ်ကနေပြန်မှုတ်ထုတ်တာဖြစ်ပါတယ်။အဲ့ဒီလေ့ကျင့်ခန်းကို (၁၀)ကြိမ်ကနေ (၁၅)ကြိမ်ထိ ပြုလုပ်တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ လက်ကိုတစ်ဖက်ချင်း အပေါ်မတင်ပြီး ပါးစပ်ကနေလေရှူသွင်းကာ လက်ပြန်ချချိန်မှာ ပါးစပ်ကနေပဲ လေပြန်မှုတ်ထုတ်တာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

ရေနွေးရလာတဲ့အချိန်မှာ ရေနွေးပူပူထဲကို ဆားအနည်းငယ်ထည့်ပြီး ရာပန်းဆီနှစ်စက်လောက်ထည့်ကာ ဇွန်းတစ်ချောင်းနဲ့မွှေလိုက်တော့ အငွေ့တွေအများကြီးထွက်လာတာဖြစ်ပါတယ်။အဲ့ဒီအငွေ့ကို အပြင်မရောက်သွားအောင်ခေါင်းပေါ် မျက်နှာသုတ်ပုဝါနဲ့အုပ်ပြီး အငွေ့ကို အဆုတ်ထဲရောက်အောင်ရှူလိုက်တာဖြစ်ပါတယ်။ငါးမိနစ်လောက်ရေနွေးငွေ့ရှူပြီးချိန်မှာ အောက်ဆီဂျင်ပြန်တိုင်းတော့ (၉၇)လောက်ထိ ပြန်တက်လာတယ်လို့သိရပါတယ်။လေ့ကျင့်ခန်းတွေမလုပ်ခင်မှာလည်း ရေနွေးတစ်ခွက်ကြိုသောက်ထားသေးတာဖြစ်ပါတယ်။အဲ့ဒီလိုနည်းလမ်းတွေနဲ့အောက်ဆီဂျင်အိုးမလိုလိုက်ဘဲ အောက်ဆီဂျင်ပြန်တက်လာခဲ့တဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder<br>
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Source&Photo Credit:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T