မီးရှို့ရတဲ့အလောင်းတွေများလွန်းလို့ သုဘရာဇာတွေထွက်ပြေးခဲ့တာကြောင့် ကိုယ့်မိသားစုအလောင်းကို ကိုယ့်ဘာသာကျင်းတူးပြီး မြှုပ်နေရတဲ့ ရင်နင့်စရာအဖြစ်

//s9.kh1.co/83/834c75ab87dae7ff79ce9fe58ef1fbdbd9222321.jpg
နေ့စဉ်သတင်းများ

 ၂၆-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံမှာတော့ ပြည်သူတွေဟာ နိုင်ငံရေးအခြေအနေနဲ့ တစ်ကျော့ပြန်ကူးစက်လာခဲ့တဲ့ ဗီဇပြောင်း ကိုဗစ်ရောဂါကို အလူးအလဲခံစားနေရရှာပါတယ်။ လတ်တလောမှာ ရောဂါကူးစက်မှုတွေကလည်း များလာသလို သေဆုံးသူအရေအတွက်ကလည်း စံချိန်တင်လောက်အောင် မြင့်တက်ခဲ့တာ တွေ့ရပါတယ်။ သေဆုံးသူအများစုကတော့ အသက်အရွယ်ကြီးများနဲ့ ရောဂါအခံရှိသူတွေပဲ ဖြစ်ကြပါတယ်။

Photo Credit - ဂိုးလျန်း fb account
Photo Credit - ဂိုးလျန်း fb account

လက်ရှိ ပြည်သူတွေ ကြုံတွေ့နေရတာကတော့ ဆေးဝါးကုသမှုတွေ လုံလောက်အောင် မရနိုင်တဲ့အပြင် အောက်ဆီဂျင်ပြတ်လပ်မှုတွေပါ ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ သေဆုံးသူတွေ များပြားလွန်းတဲ့အတွက် အလောင်းသယ်ယူဖို့ လူနာတင်ကား နိဗ္ဗာန်ယာဉ်ကားတွေ မလုံလောက်တော့တဲ့ အပြင် တချို့မြို့နယ်တွေက သုဿန်သင်္ချိုင်းတွေမှာတောင် မီးသင်္ဂြိုလ်ဖို့ ခက်ခဲလာလို့တာကြောင့် မြေတူးမြှုပ်နေရတာတွေကို တွေ့မြင်ရပါတယ်။

Photo Credit - ဂိုးလျန်း fb account
Photo Credit - ဂိုးလျန်း fb account
Photo Credit - ဂိုးလျန်း fb account
Photo Credit - ဂိုးလျန်း fb account

ယခုမှာဆိုရင်လည်း မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရွာက သင်္ချိုင်းမှာ စိတ်မကောင်းစရာ ဗီဒီယိုဖိုင်တစ်ခုကလည်း ပျံ့နှံ့လာခဲ့ပါတယ်။ ဒါကတော့ ကျိုက္ကော်ရွာမှာ တစ်နေ့တခြား ကိုဗစ်ရောဂါနဲ့ သေဆုံးသူတွေများပြားပြီး မီးရှို့ရတဲ့အလောင်းတွေ များနေတဲ့အတွက် သုဿာန်က သုဘရာဇာတွေ ထွက်ပြေးသွားကြောင်း သိရပါတယ်။ လက်ရှိမှာတော့သုဘရာဇာတွေမရှိတော့လို့ သေဆုံးသူရုပ်အလောင်းတွေကို မိသားစုဝင်တွေကပဲ ကိုယ်တိုင်မြေကျင်းတူးပြီး မြှုပ်နေရတာ ဖြစ်ပါတယ်။ ဒီလိုအဖြစ်မျိုးတွေကို ကြားသိနေရတာကြောင့် မြို့သူမြို့သားတွေအတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်။

https://s9.kh1.co/__image/w=600,h=273,q=100/5c/5c87161b370be124363ab77438e3c3e8eddde7a5.jpg

(ဗီဒီယို ကြည့်ရန်အတွက် အောက်ပါ link ကို ပုံထဲက အတိုင်း Select ပေးပြီး Facebook (သို့မဟုတ်) Browser ဆိုတဲ့စကားလုံးကို နှိပ်၍ ကြည့်ရှု့နိုင်ပါသည်)

https://m.facebook.com/story.php?story_fbid=109842158055471&id=100070890616056

သတင်း အရင်းအမြစ်Source - ဂိုးလျန်း fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T