ကိုဗစ်ရောဂါဖြင့်ဆုံးသွားတဲ့ ရုပ်အလောင်းတွေကို PPE မပါဘဲ သယ်နေရတဲ့ အကြောင်းရင်းကို ရင်ဖွင့်ပြောပြလာတဲ့ ပရဟိတလူငယ်တစ်ဦး

//s9.kh1.co/02/0240e698456083239c0f20ebb0906fdfd448dfe6.jpeg
နေ့စဉ်သတင်းများ

 ၂၆-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် သုသာန်များတွင် နေ့စဉ်လူရာနဲ့ချီ မီးသဂြိုလ်နေကြရတာ ဖြစ်ပါတယ်။ လူမှုကူညီရေးအဖွဲ့အစည်းများမှ ပရဟိတလူငယ်လေးတွေကလည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေကြတာကိုမြင်တွေ့နေရပါတယ်။ နေ့စဉ်ရက်ဆက် dead body များကို သယ်နေရတာကြောင့် PPE ဝတ်စုံများကိုပါ မဝတ်နိုင်တော့တဲ့ အခြေအနေဖြစ်နေကြပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်က ကိုဗစ်ရောဂါဆုံးသွားတဲ့ ရုပ်အလောင်းတွေကို PPE မပါဘဲ သယ်နေရတဲ့ အကြောင်းရင်းကို ပရဟိတ လူငယ်တစ်ဦးမှ ရင်ဖွင့်ပြောပြလာတာဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

COVID နဲ့ ဆုံးတဲ့ ရုပ်အလောင်းတွေကို သဂြိုလ်ဖို့အတွက် ခက်ခဲနေတဲ့ မိသားစုဝင်များကို ကူညီပေးဖို့အတွက်ပစ္စည်းမစုံလင်တဲ့ကြားက နေ့စဉ်ကြိုးစားနေရတာ ဖြစ်ပါတယ်။ ဒီလို ပစ္စည်းမစုံလင်တဲ့ကြားက ကူညီပေးနေကြရတာ ပရဟိတအသင်းနီးပါးလိုလို ဖြစ်နေကြတာ ဖြစ်ပြီး မနက်မိုးလင်း ဖုန်းတွေ ဝင်ပြီဆိုတာနဲ့ ရုပ်အလောင်းတွေကိုသယ်ယူဖို့အတွက် ကားမောင်းဖို့ စတင်ပြင်ဆင်ကြရတာ ဖြစ်ပါတယ်။လမ်းကြောင်းတူနေပါက ရုပ်အလောင်းတွေကို တစ်ခါထဲ နှစ်လောင်းလောက် သယ်ယူသွားဖို့အတွက် လုပ်ရသလို ပြောင်းလဲသတ်မှတ်လိုက်တဲ့ မီးသဂြိုလ်စနစ်ကြောင့် အရင်ကလို များစွာ ကူညီလို့မရတဲ့အတွက် စိတ်မကောင်း ဖြစ်နေကြရတာပါ။ ဒါ့အပြင်ကိုဗစ်ဒုတိယလှိုင်းတုန်းကလို အလှူရှင်တွေ သိပ်မရှိတဲ့အတွက် ပရဟိတအသင်းတော်တော်များများ အခက်တွေ့နေကြရတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

သဂြိုလ်ဖို့အတွက် မနက်ကနေ ညနေအထိ ထမင်းမစားရဘဲ စောင့်နေပေးကြတဲ့ ပရဟိတလူငယ်လေးတွေကို ရေဝေးသုသာန်တွင် ထမင်းဘူးလေးတွေ လာလှူလို့ရတဲ့အကြောင်းကိုလည်း အခုလို ရေးသားထားပါသေးတယ်။ " အခုချိန် ရက်လည်တွေလုပ်ရင် လူတွေမလာဘူးဆိုပြီး စိတ်မကောင်းမဖြစ်ကြပါနဲ့ ရက်လည်လုပ်တဲ့နေ့ မုန့်ဟင်းခါးမကျွေးဘဲ ထမင်းဘူးလေးတွေလုပ်ပြီး သေဆုံးသူမိသားစုဝင်အတွက် ရည်ရွယ်ပြီးတော့ သဂြိုလ်ဖို့အတွက် မနက်ကနေ ညနေအထိထမင်းမစားရဘဲစောင့်နေပေးရတဲ့ ပရဟိတလူငယ်လေးတွေကို ရေဝေးသုသာန်မှာလည်းထမင်းဘူးလေးတွေ လာလှူလို့ရပါတယ်ဆိုတာလေးလည်း ပြောပါရစေနော်။( အောက်စီဂျင်တန်းစီတဲ့ နေရာလေးတွေပဲ လှူဒါန်းလို့ရတာမဟုတ်ပါဘူးနော် )ပိုးကူးမှာဆိုးလို့သွားမလှူ ရဲရင်လည်း ပြောပါ ကိုယ်တိုင် သွားလှူ ပေးပါ့မယ်နော်။ တကယ်လိုတဲ့နေရာလေးတွေမလို့ပြောပြတာပါ ကားတွေဆိုစောင့်နေရတာ (100+) ကျော်ပါတယ် အိမ်စီးကားတွေ probox ကားတွေနဲ့လာတာမပါသေးဘူး ကားတစ်စီးကို ပရဟိတလူငယ်နှစ်ဦး အနည်းဆုံးပါပါတယ် လှူလို့ရတဲ့ အရေအတွက်ကို ခန့်မှန်းလို့ရအောင်ပြောပြတာပါ။ ကိုယ်တိုင်ပါဝင်လုပ်ဆောင်ပြီး ကိုယ်တွေ့ခံစားချက်လေးများရေးသားထားခြင်းပါ ဘယ်အဖွဲ့အစည်းအသင်းအဖွဲ့မှအကူညီတောင်းခံရေးသားခိုင်းခြင်းမဟုတ်ပါ " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။အများအကျိုးအတွက် ဆောင်ရွက်ပေးနေကြတဲ့ ပရဟိတလူငယ်လေးတွေကိုလည်း ကူညီပေးကြဖို့ ပြောကြားရင်းဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T