ကိုဗစ်ကူးစက်ခံရရင် မျှစ်၊ဝက်သား၊ငှက်ပျောသီးနဲ့သြဇာသီးမစားရဘူးဆိုတဲ့ သတင်းတွေကို ချက်ကျလက်ကျဖြေရှင်းလိုက်တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/ef/ef8e92cb1460e80e146272babf212498ea3f15b8.jpg
နေ့စဉ်သတင်းများ

 ၂၆-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်ကူးစက်ခံရရင် မျှစ်၊ဝက်သား၊ငှက်ပျောသီးနဲ့သြဇာသီးမစားရဘူးဆိုတဲ့ သတင်းတွေကို ချက်ကျလက်ကျဖြေရှင်းလိုက်တဲ့ ပြည်သူတစ်ဦး

ကိုဗစ်ရောဂါကူးစက်မှုခံထားရတဲ့လူနာတွေ၊ကိုဗစ်ရောဂါကြောင့် အသက်သေဆုံးတဲ့ပြည်သူတွေလည်း တစ်ဖြည်းဖြည်းများပြားလာနေခဲ့ပါတယ်။ကိုဗစ်တတိယလှိုင်းကြောင့် လူအများအပြားဒုက္ခရောက်နေကြချိန်မှာ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ သတင်းအမှားတွေလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လျက်ရှိနေခဲ့ပါတယ်။ကိုဗစ်ရောဂါကူးစက်ခံရရင် မျှစ်၊ဝက်သား၊ နံနတ်သီး၊ငှက်ပျောသီးနဲ့သြဇာသီးမစားရဘူးဆိုတဲ့သတင်းတွေကို လူအများအပြားက အမှန်ထင်ပြီး Share(32.5k)အထိပြုလုပ်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

လူအများအပြားဒုက္ခရောက်မှာကိုစိုးရိမ်ပြီး ပြည်သူတစ်ဦးက အဆိုပါသတင်းတွေကို ပြန်လည်ရှင်းပြလာခဲ့ပါတယ်။ မျှစ်က cellulose cellwall တွေများလို့ အစာမကျေပဲ အန်မှာစိုးလို့ ကိုဗစ်တင်မဟုတ်ဘဲ တစ်ခြားဘာရောဂါဖြစ်ဖြစ်မစားခိုင်းတာဖြစ်ကြောင်း၊ဝက်သားကကိုဗစ်ကူးစက်ခံရလည်း စားလို့ရကြောင်း၊ နာနတ်သီး ငှက်ပျောသီး ဩဇာသီးတွေဆိုတာ တစ်ချို့ဓာတ်မတည့်တဲ့လူတွေမှာ အခန့်မသင့်ရင် လည်ချောင်းယားတတ်တာကြောင့်မစားခိုင်းတာဖြစ်​ပြီး ကိုဗစ်ကူးခံရလည်း စားလို့ ဘာမှမဖြစ်ကြောင်း၊ ကိုဗစ်ကြောင့် ကိုယ်ခံအားကျနေချိန်မှာ ကြက်ဥအစိမ်းက ဘတ်တီးရီးယားတွေများပြားတာကြောင့် ကြက်ဥအစိမ်းမသောက်စေလိုကြောင်း၊ ကိုဗစ်ကူးရင် ရေမချိုးရဘူးဆိုတဲ့သတင်းအမှားတွေပတ်သက်၍ ချမ်းစိမ့်ပြီး အဖျားတက်ရင် သာ ရေမချိုးရတာဖြစ်ကာ ဒီအတိုင်းအဖျားတက်ရင် ရေပတ်များများတိုက်လို့ရသလို မဖျားတော့ရင် ရေနွေးနဲ့ကြိုက်သလိုသာရေချိုးလို့ရကြောင်း အဆိုပါပြည်သူက ရှင်းပြထားပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ကိုဗစ်လူနာကို ပရုတ်ဆီလိမ်းပေးတာနဲ့ပတ်သက်ပြီး ပရုတ်ဆီနံ့ကြိုက်ဆိုအဆင်ပြေပေမယ့် မကြိုက်သူဆိုပို၍အသက်ရှူကြပ်နိုင်ကြောင်း၊ ကိုဗစ်ကူးစက်ခံရပြီးရင် (၆)လအထိကိုဗစ်ပြန်မကူးစက်တော့ဘူးဆိုတာ သတင်းအမှားသာ ဖြစ်ကြောင်း၊အစာအိမ်ထိစေတဲ့အကိုက်အခဲပျောက်ဆေးတွေနဲ့ပေါင်းပြီး ဆေးရုံပြေးနေရမှာဖြစ်တာကြောင့် ချည်စပ်တွေကိုတော့ရှောင်ရှားစေလိုကြောင်း အဆိုပါပြည်သူက ချက်ကျလက်ကျရှင်းပြထားခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ယခုလိုကိုဗစ်ကာလတွင် FBမှာပြောတဲ့အကြောင်းအရာမှန်သမျှကို ယုံကြည်ပြီးလိုက်မလုပ်ကြဖို့ ၊သတင်းအမှားသတင်းအမှန်တွေကိုခွဲခြားယုံကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Source:  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T