သပိတ်ပိုက်ပြီးဆွမ်းခံကြွလာတဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးကို ရဟန်းရှင်လူအများအပြားက ဆွမ်းလောင်းရင်း ဦးခိုက်ကန်တော့နေကြတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/d9/d93eefe4f39b300cd4ae35cc8099c85900c506b8.jpeg
နေ့စဉ်သတင်းများ

 ၂၆-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သပိတ်ပိုက်ပြီးဆွမ်းခံကြွလာတဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးကို ရဟန်းရှင်လူအများအပြားက ဆွမ်းလောင်းရင်း ဦးခိုက်ကန်တော့နေကြတဲ့ ဗီဒီယိုဖိုင်

လက်ရှိမှာတော့ မြန်မာပြည်တွင်းမှာ ဖြစ်ပွါးနေတဲ့ ကိစ္စရပ်တွေကို ပြည်သူလူထုကလည်း နည်းလမ်းအမျိုးမျိုးနဲ့ရင်ဆိုင်ဖြေရှင်းနေရတာဖြစ်ပါတယ်။ကိုဗစ်ကပ်ရောဂါဆိုးကြီးကို တိုက်ထုတ်ဖို့အတွက်လည်း ကျန်းမာရေးနည်းလမ်းများကို ကျင့်သုံးသလို ဘုရား၊တရားတွေပိုလုပ်ပြီး ကုသိုလ်ကောင်းမှူတွေလည်း ပြုလုပ်ကြတာဖြစ်ပါတယ်။ဇူလိုင်လ (၂၅)ရက်နေ့ကဆိုရင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက သပိတ်ပိုက်ပြီး ဆွမ်းခံကြွချီတော်မူလာတဲ့ပုံရိပ်တွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တွေ့မြင်ရပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကတော့ ဝါတွင်းကာလမှာ နေ့စဉ်ဆွမ်းခံကြွချီတော်မူမှာပဲဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးက ဝါဆိုလပြည့်ကျော် (၂)ရက်နေ့မှ စတင်ပြီး နံနက် (၇)နာရီအချိန်မှာ ကြွချီလာတာဖြစ်ပါတယ်။ဆရာတော်ဘုရားကြီး ဆွမ်းခံကြွတယ်ဆိုတဲ့သတင်းကြောင့် ပြည်သူတွေလည်း အရမ်းပျော်ရွှင်ကြပြီးကြည်ညိုသဒ္ဓါပွါးများနေကြတာဖြစ်ပါတယ်။ဒီလိုမျိုး အရိယာပုဂ္ဂိုလ်ကြီးတွေ လူ့လောကထဲကို သပိတ်ပိုက်ကာထွက်ကြွလာပြီးတာနဲ့ မကြာခင်မှာ ကပ်ဘေးတွေကင်းဝေးတယ်လို့ သိရပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

ဒီနေ့ ဇူလိုင်လ (၂၆)ရက်နေ့၊နံနက် (၇)နာရီအချိန်မှာလည်း ဆရာတော်ဘုရားကြီးက ဉေယျဓမ်တောရတွင် ဆွမ်းခံကြွချီတော်မူလာခဲ့ပါတယ်။ဆရာတော်ဘုရားကြီး ကြွချီမယ့်လမ်းကို ကော်ဇောအနီခင်းပေးထားပြီး ရဟန်းရှင်လူအများအပြားက ဆွမ်းလောင်းရင်း ဦးခိုက်ကန်တော့နေကြတာပဲဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးရဲ့ ဆွမ်းခံကြွချီတော်မူလာတဲ့ ပုံရိပ်က အရမ်းကြည်ညိုဖွယ်ကောင်းတာကြောင့် ပြည်သူအများအပြား မေတ္တာဓာတ်ကိုဦးညွှတ်ခံယူနိုင်ကြဖို့အတွက် ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T