မှာယူထားတဲ့ အောက်ဆီဂျင်စက်တွေကို အရေးပေါ်လူနာတွေဆီ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/de/de0b8547fea5a35d336a52e5a9075843747b67f2.jpg
အနုပညာရှင်များ

 ၂၆-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပရဟိတအလုပ်တွေနဲ့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို များစွာရရှိထားတဲ့ ခိုင်နှင်းဝေကတော့ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေဟာ မိဘမဲ့ဂေဟာကိုလည်း ကိုယ်တိုင်ဦးဆောင်ကာဖွင့်လှစ်ထားတဲ့အပြင် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းနေတဲ့အပြင် အလှူငွေတွေလည်း တတ်နိုင်သလောက်လှူဒါန်းနေတာ တွေ့ရပါတယ်။ခိုင်နှင်းဝေဟာ အခုလတ်တလောကြုံတွေ့နေရတဲ့ ကိုဗစ် Third waveရဲ့ရောဂါကြောင့် အောက်ဆီဂျင်ခက်ခဲမှုတွေကိုလည်း တတ်နိုင်သရွေ့ကူညီပေးနေတာဖြစ်ပါတယ်။

Photo credit-​ Khine Hnin Wai's Facebook page
Photo credit-​ Khine Hnin Wai's Facebook page
Photo credit-​ Khine Hnin Wai's Facebook page
Photo credit-​ Khine Hnin Wai's Facebook page

ကိုဗစ်လူနာအ‌တော်များများမှာ အောက်ဆီဂျင်ရရှိရန် ခက်ခဲနေကြပြီး နေ့စဉ်နဲ့အမျှထောင်နဲ့ချီကာအသက်သေဆုံးနေကြရတာဖြစ်ပါတယ်။ ဒီလိုအခြေအနေဆိုးကြီးကို ကူညီဖို့အတွက် ခိုင်နှင်းဝေဟာ တတ်နိုင်တဲ့ဘက်ကနေ အောက်ဆီဂျင်စက်တွေလှူဒါန်းခဲ့တာပါ။ ဒီအကြောင်းအရာလေးကို သူမရဲ့ Facebook စာမျက်နှာမှာ "ရတနာ (၅)ပါး ဂုဏ်ကျေးဇူးတော်ကြောင့် စက်တွေ ရောက်လာပါပြီရှင်..ကြိုတင် စီစစ်ထားသော အရေးပေါ် လူနာများ အတွက် ဦးစားပေး အမြန် ဌားရပါသောကြောင့် (ကိုယ့် အတွက်တောင် မချန်ထားပဲ )တချို့ ပရဟိတ အသင်းများသို့ အပြီးအပြတ် လှူဒါန်းခြင်း၊အရေးပေါ်လူနာများအား ခဏ ဌားရမ်းခြင်းများကို ပြုလုပ်ထားပါတယ်...။

Photo credit-​ Khine Hnin Wai's Facebook page
Photo credit-​ Khine Hnin Wai's Facebook page
Photo credit-​ Khine Hnin Wai's Facebook page
Photo credit-​ Khine Hnin Wai's Facebook page

နောက်ထပ် အကူအညီတောင်းသူများကို ထပ်မံ ကူညီနိုင်ဘို့ ဆက်ကြိုးစားပါမယ်...အကူ အညီတောင်းသူ မှန်သမျှ ကျန်ခဲ့ရင်လဲ ကျမကို နားလည် ခွင့်လွှတ်ပေးကြပါရှင်..နောက်ထပ် အမြန်ဆုံး ထပ်မံ ကူညီနိုင်ဘို့ ဆက်လက် ကြိုးစားပါမယ်..အကုန် မကူညီနိုင်တဲ့ အတွက် စိတ်သောကများစွာလဲ အမှန် တကယ် ရင်ဆိုင်နေရပါတယ်..လှူဒါန်းပေးကြပါသော အလှူရှင်များ အားလုံး နှင့် ခုနှစ်ရက် သားသမီး များအားလုံး အသက်ကယ်ခွင့် ကုသိုလ်အား ထပ်တူ ထပ်မျှ ရရှိနိုင်ကြပြီး အားလုံးပဲ ကပ်ကြီး (၃)ပါး ကျော်လွှားနိုင်ကြပါစေရှင်..???(ဒုတိယ အသုတ် အတွက် ပစ္စည်းအားလုံး မကျန်ပဲ ဌားရမ်းထားပြီး ဖြစ်ပါတယ်ရှင်..)..." ဆိုပြီးရေးသားမျှဝေထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-​ Khine Hnin Wai's Facebook page
Photo credit-​ Khine Hnin Wai's Facebook page

သတင်း အရင်းအမြစ်Khine Hnin Wai's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T