အောက်ဆီဂျင်အိုး သွားရှာနေတုန်း ဆုံးပါးသွားတဲ့ ဖခင်ဖြစ်သူရဲ့dead body ဘေးမှာ ဝမ်းနည်းစွာဖြင့် အရုပ်ကျိုးပျက် ငိုကြွေးနေတဲ့ လပြည့်ရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/ce/ce501627b4cc700828c5163a39da913592746a11.jpeg
အနုပညာရှင်များ

 ၂၆-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

အောက်ဆီဂျင်ပြတ်လပ်မှုပြသနာတွေကြောင့် နေ့စဉ်လူ့အသက်ပေါင်းများစွာ သေဆုံးနေကြရတာ ဖြစ်ပါတယ်။အနုပညာလောကမှာလည်း ဝမ်းနည်းစရာသတင်းတွေ နေ့စဉ်နဲ့အမျှ ကြားနေရတာ ဖြစ်ပါတယ်။ မနေ့က မနက်(၅:၁၃) မိနစ်တွင် သရုပ်ဆောင် လပြည့်ရဲ့ ဖခင်ဟာ အောက်ဆီဂျင်ကျပြီး ဆုံးပါးသွားခဲ့ရတာ ဖြစ်ပါတယ်။ လပြည့်ဟာ အဖေ့အတွက် အောက်ဆီဂျင်အိုး လိုမှာစိုးတဲ့အတွက် သွားရှာနေတာကြောင့် ဖခင်ဖြစ်သူရဲ့ အသက်ကိုတောင် မမှီခဲ့တဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ယက်တွင် ဝမ်းနည်းစွာ ဖြင့် ရေးသားထားတာ ဖြစ်ပါတယ်။

Photo Crd-La Pyae’s Facebook Account 
Photo Crd-La Pyae’s Facebook Account 
Photo Crd-La Pyae’s Facebook Account 
Photo Crd-La Pyae’s Facebook Account 

သူ့ရဲ့ မိခင်ကလည်း မနှစ်က ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး ဖခင်ဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရတဲ့အတွက် အတော်လေးကို ခံစားနေရတာ ဖြစ်ပါတယ်။ ဖခင်ရဲ့အသက်ကို မမှီခဲ့ပေမယ့်  နောက်ဆုံးခရီးကိုတော့ မရရအောင် လိုက်ပါပို့ဆောင်ပြီး မီးသဂြိုလ်ပေးနိုင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူရဲ့ dead body ရဲ့ ဘေးမှာ အရုပ်ကျိုးပျက် ထိုင်ငိုနေတဲ့လပြည့်ရဲ့ ဗီဒီယိုဖိုင်ကို ကြည့်ပြီး ပရိသတ်တွေကလည်း စိတ်မကောင်း ဖြစ်နေကြရတာ ဖြစ်ပါတယ်။

Photo Crd-La Pyae’s Facebook Account 
Photo Crd-La Pyae’s Facebook Account 
Photo Crd-La Pyae’s Facebook Account 
Photo Crd-La Pyae’s Facebook Account 

အနုပညာအသိုင်းအဝိုင်းမှ ညီအစ်ကိုမောင်နှမတွေကလည်း သူငယ်ချင်း ဖြစ်သူ လပြည့်ရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုကြောင့် ထပ်တူ ဝမ်းနည်းနေကြရတာ ဖြစ်ပါတယ်။ လတ်တလောအခြေအနေတွေဟာ ထိန်းချုပ်လို့ မရနိုင်သေးတဲ့အတွက် ကိုယ့်ပတ်ဝန်းကျင်က ချစ်ခင်ရသူများအားလုံး လက်လွှတ်ဆုံးရှုံးနေကြရတာ ဖြစ်တဲ့အတွက် ဒီကာလမှာအားလုံး ကျန်းမာစွာ နေထိုင်စားသောက် သင့်ပါတယ်။သရုပ်ဆောင် လပြည့်ရဲ့ ဖခင်လည်း ကောင်းရာမွန်ရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-La Pyae’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T