ကိုဗစ်လူနာတွေ အောက်ဆီဂျင်ရဖို့အတွက် ကူညီစောင့်ဆိုင်းပေးရင်း လမ်းဘေးမှာပဲ ဖြစ်သလိုစားသောက်ပြီး ဗိုက်ဖြည့်နေရတဲ့ ပရဟိတလူငယ်လေးများ

//s9.kh1.co/3d/3d4f7cad277ddd104f8eb2bbb1e905ad9cbe2e6b.jpeg
နေ့စဉ်သတင်းများ

 ၂၆-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်လူနာတွေ အောက်ဆီဂျင်ရဖို့အတွက် ကူညီစောင့်ဆိုင်းပေးရင်း လမ်းဘေးမှာပဲ ဖြစ်သလိုစားသောက်ပြီး ဗိုက်ဖြည့်နေရတဲ့ ပရဟိတလူငယ်လေးများ

မြန်မာပြည်သူလူထုတွေ လက်ရှိကြုံတွေ့နေရတဲ့ဒုက္ခအခက်အခဲတွေကို စေတနာရှင်တွေနဲ့ ပရဟိတအဖွဲ့အစည်းတွေက တစ်တပ်တစ်အားကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။ဒီကာလမှာ လူတိုင်းနီးပါးက ပရဟိတအလုပ်တွေကို မိမိတို့တတ်နိုင်သလောက် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။တချို့လူငယ်လေးတွေဆိုရင် ကိုဗစ်လူနာတွေအောက်ဆီဂျင်ရဖို့အတွက် တစ်နေကုန် တန်းစီစောင့်ဆိုင်းပြီး ကူညီပေးကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကိုဗစ်လူနာတိုင်းက အောက်ဆီဂျင်မလိုအပ်ပေမယ့် တချို့တွေအတွက်တော့ အောက်ဆီဂျင်အရမ်းထိုးကျလာတာတွေလည်း ရှိပါတယ်။အောက်ဆီဂျင်အရမ်းထိုးကျတတ်တဲ့ ကိုဗစ်လူနာတွေအတွက် ပရဟိတလူငယ်လေးတွေကမေတ္တာတရားရှေ့ထားပြီး အသက်ကယ်ပေးကြတာဖြစ်ပါတယ်။အောက်ဆီဂျင်ပေးတဲ့နေရာမှာ တစ်နေကုန်နီးပါးစောင့်ဆိုင်းရတာဖြစ်လို့ အဟာရဖြည့်တင်းဖို့အတွက်လည်း လမ်းဘေးမှာသာ အဆင်ပြေသလို စားသောက်ရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပရဟိတလူငယ်လေးတွေရဲ့ စွန့်လွှတ်အနစ်နာခံပေးတတ်တဲ့ စိတ်ဓာတ်ကို ပြည်သူလူထုကလည်း လေးစားနေကြတာဖြစ်ပါတယ်။ဒီလိုမျိုး တစ်ဖက်တစ်လမ်းကနေ ကူညီပေးကြတဲ့ ပရဟိတအဖွဲ့အစည်းတွေရှိတာကြောင့်မိသားစုဝင်တွေလည်း ကိုဗစ်လူနာတွေအတွက် သောကမများရတော့ဘဲ သေချာပြုစုစောင့်ရှောက်ပေးနိုင်တာဖြစ်ပါတယ်။ပြည်သူတိုင်းရဲ့ ဒုက္ခတွေကို ဝိုင်းဝန်းဖြေရှင်းပေးနေကြတဲ့ ပရဟိတလူငယ်လေးတွေရဲ့ပုံရိပ်တွေကိုလေးစားစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T