မီးမဖွားနိုင်လို့ ဆေးရုံကို အားကိုးတကြီးသွားခဲ့ပေမယ့် လက်မခံခဲ့တာကြောင့် နေအိမ်မှာပဲပြန်မွေးဖွားရင်း မိခင်ရောကလေးပါ သေဆုံးသွားခဲ့ရတဲ့ ရင်နာစရာဖြစ်ရပ်

//s9.kh1.co/1c/1cf0139c80591b1168444e886f86258da9f40a38.jpg
နေ့စဉ်သတင်းများ

 ၂၅-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံမှာ ဗီဇပြောင်း ကိုဗစ်ရောဂါ ပြန်လည်ကူးစက်မှုတွေကြောင့် စံချိန်တင်လောက်အောင် သေဆုံးသူနှုန်း ဆိုးဆိုးရွားရွား များလာခဲ့ပါတယ်။ လက်ရှိ နေရာတိုင်းမှာ ပြည်သူတွေကြုံတွေနေရတာကတော့ ဆေးရုံကြီးတွေမှာ ကျန်းမာရေး စောင့်ရှောက်ပေးမှုတွေ လုံလုံလောက်လောက် မပေးနိုင်တဲ့အပြင် အရင်လို ကိုဗစ်စင်တာတွေမရှိတာကြောင့် နေအိမ်တွေမှာပဲ အတတ်နိုင်ဆုံး ကုသနေကြရပါတယ်။ ဒီလိုကုသနေရင်းပဲ နေအိမ်တွေမှာ ချစ်ရတဲ့သူတွေ စွန့်လွှတ်ခဲ့ရတာ အများအပြားရှိလာခဲ့ပါတယ်။

Photo Credit -ပုလဲအရန်မီးသတ်တပ်ဖွဲ့
Photo Credit -ပုလဲအရန်မီးသတ်တပ်ဖွဲ့
Photo Credit -ပုလဲအရန်မီးသတ်တပ်ဖွဲ့
Photo Credit -ပုလဲအရန်မီးသတ်တပ်ဖွဲ့

နေ့စဥ်ဆိုသလို နေရာတိုင်းမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးနေရတဲ့ ပြည်သူတွေရဲ့ ရုပ်အလောင်းတွေအပြင် မကြားချင်လောက်တဲ့ နာရေးသတင်းတွေကို လူမှုကွန်ယက်တွေမှာ စိတ်မကောင်းစွာ ကြားသိနေရပါတယ်။ ယနေ့ ဇူလိုင်လ (၂၅)ရက်နေ့မှာလည်း ပြည်သူတွေကို အမြဲကူညီပေးတဲ့ ရန်ကုန်မြို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က လူမှုကွန်ယက်မှာ တကယ့်ကို ကြေကွဲရင်နင့်စရာကောင်းတဲ့ ဖြစ်ရပ်လေးတစ်ခုကို ဖော်ပြလာခဲ့တာ တွေ့ရပါတယ်။

Photo Credit -ပုလဲအရန်မီးသတ်တပ်ဖွဲ့
Photo Credit -ပုလဲအရန်မီးသတ်တပ်ဖွဲ့
Photo Credit -ပုလဲအရန်မီးသတ်တပ်ဖွဲ့
Photo Credit -ပုလဲအရန်မီးသတ်တပ်ဖွဲ့

ဒီဖြစ်ရပ်လေးကတော့ ရွှေပေါက္ကံ (၁၁)၇ပ်ကွက် ထွန်းသစ္စာလမ်းမှာ နေထိုင်တဲ့ အသက်(၄၀)နှစ်ဝန်းကျင်ရှိ ကိုယ်၀န်ဆောင်မိခင်တစ်ယောက်ဟာ မီးဖွားရန်နီးကပ်လာလို့ ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် လူနာများပြည့်နေ့လို့ လက်မခံသဖြင့် နေအိမ်ကိုပဲ ပြန်လာရခဲ့ပါတယ်။ စိတ်မကောင်းစရာကတော့ အိမ်ပြန်ရောက်ပြီး မီးဖွားနေစဥ်အတွင်းမှာပဲ ညစ်အားမရှိတာကြောင့် မိခင်ရော ကလေးပါသေဆုံးသွားတယ်လို့ ကြားသိခဲ့ရပါတယ်။ သေဆုံးသွားတဲ့ အဆိုပါ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရုပ်အလောင်းကိုတော့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ကပဲ ကူညီလုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်လေးကိုတော့ ကြားရတဲ့ ပြည်သူတွေက များစွာစိတ်မကောင်းဖြစ်ပြီး ကောင်းရာမွန်ရာရောက်အောင်လည်း ဆုတောင်းပေးကြတာ တွေ့ရပါတယ်။

Photo Credit -ပုလဲအရန်မီးသတ်တပ်ဖွဲ့
Photo Credit -ပုလဲအရန်မီးသတ်တပ်ဖွဲ့

သတင်း အရင်းအမြစ်Source - ပုလဲအရန်မီးသတ်တပ်ဖွဲ့

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T