၁၉၈၁ခုနှစ်တုန်းက ခရီးသည် အယောက် ၁၀၀၀နီးပါး သေဆုံးခဲ့ရတဲ့ ရထားမတော်တဆမှုအကြောင်း

//s9.kh1.co/ec/ece1e994cde2d7217f1877ec5c06e8a793ca4efa.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ခုဖော်ပြမှာကတော့ ၁၉၈၁ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အိန္ဒိယနိုင်ငံ ဘီဟာရထား မတော်တဆဖြစ်ပွားမှု အကြောင်းပဲ ဖြစ်ပါတယ်။ စုစုပေါင်း ခရီးသည် ၁၀၀၀ ဝန်းကျင် လိုက်ပါလာတဲ့ မီးရထားတွဲ ကိုးခုဟာ မိုင် ၂၅၀ ကွာဝေးတဲ့ ကလကတ္တားမြို့က ထွက်ခွာလာပြီး ဘီဟာ ပြည်နယ်မှ ဖြတ်သန်းမောင်းနှင်လာခဲ့ပါတယ်။ အဲ့အချိန်တုန်းက မုတ်သုန်မိုးရာသီ ဖြစ်နေတာကြောင့် မီးရထားလမ်းတွဲချော်မှုနဲ့ ရထားလမ်း ရေမြုပ်ခြင်းတို့ကို ဖြစ်ပေါ်စေလေ့ ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/62/6217ff38fffdcba8a9bd3d85cd7d8eb7b8fc8dae.jpg
https://s9.kh1.co/__image/w=600,h=490,q=100/e8/e8c18e6352ed95645aff629ef6ef8eecaf849d50.jpg

မတော်တဆဖြစ်ရတဲ့ အကြောင်းကတော့ ရထားမောင်းသူဟာ ရထားလမ်းပေါ်မှာ လျှောက်သွားနေတဲ့ နွားမတစ်ကောင်ကို တွေ့လိုက်သဖြင့် ရထားဘရိတ်ကို ခက်ခဲစွာ နင်းကာ ရထားကို ရပ်တံ့စေရန် ကြိုးပမ်းခဲ့တာကြောင့်လို့ ယူဆခဲ့ကြပါတယ်။ နွားများဟာ ဟိန္ဒူ ဘာသာဝင်များ အထွတ်အမြတ်ထားတဲ့ သတ္တဝါဖြစ်ပြီး ရထားမောင်းသူဟာ ဘာသာရေးကို လိုက်နာသူ တစ်ဦးလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=454,q=100/49/499ac17b9c28cb6b5b044e6749b03309993c48b3.jpg

အဲ့အချိန်တုန်းက မိုးကလည်း ရွာသွန်းနေတာကြောင့် ရထားလမ်းများက ချော်နေကာ မီးရထားဘီးများဟာလည်း ရထားလမ်းကို အမိအရ တွယ်မိနေခြင်းမရှိခဲ့ပါဘူး။ ဒါ့ကြောင့်ပဲ မီးရထားဟာ ရထားလမ်းကနေ ချော်ပြီး ရထားတွဲများကို Baghmati မြစ်အတွင်းသို့ ထိုးကျသွားစေခဲ့ကာ လျင်မြန်စွာ နစ်မြုပ်‌ေစခဲ့ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့များရောက်ရှိလာချိန်မှာတော့ လူပေါင်း ၆၀၀ သေဆုံးခဲ့ပြီဖြစ်ကာ ၃၀၀ ကျော်ဟာ ပျောက်ဆုံးနေခဲ့ပါတယ်။

//s9.kh1.co/d7/d7c246326e87b5a88aba580141a2809bb2a9831b.gif
https://s9.kh1.co/__image/w=650,h=366,q=100/26/263458c1635c7e203bd17d159f712b1753246727.webp

သတင်း အရင်းအမြစ်History

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T