ခုတစ်ခါမှာတော့ ကမ္ဘာကြီးပေါ်မှာ ကြုံတောင့်ကြုံခဲဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်များစွာ ထဲမှာမှ ထူးထူးဆန်းဆန်း အကြောင်းအရာလေးတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ဒီအကြောင်းအရာလေးကတော့ ဆရာဝန်တစ်ယောက်ဟာ အခြေအနေအမျိုးမျိုးကြောင့် ကိုယ့်အသက်ကို ကယ်နိုင်ဖို့အတွက် မိမိဘာသာ ခွဲစိတ်ခဲ့ရတဲ့ အဖြစ်အပျက်ကလေးပဲ ဖြစ်ပါတယ်။
ဒီဆရာဝန်လေးရဲ့အမည်ကတော့ Leonid Rogozov ဖြစ်ပြီး သူဟာခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။ တစ်ရက်မှာတော့ Rogozov ဟာ အတ္တလန်တစ် ဒေသမှာ စူးစမ်းရှာဖွေမှု လုပ်ရင်း appendicitis ဆိုတဲ့အူအတက် ရောင်ရမ်းတဲ့ ရောဂါ ကို အပြင်းအထန် ခံစားခဲ့ရပါတယ်။ဒီရောဂါဟာ အူအတက်ပေါက်ရင် အသက်ဆုံးရှုံးနိုင်တာကြောင့် သူ့ဗိုက်ကို သူပြန်ဖောက်ပြီး အူအတက်ကို ပြန်ဖြတ်ထုတ်ခဲ့ရပါတယ်။ ထုံဆေးမပါပဲ ကိုယ်တွင်းကလီဆာတွေကို ကိုယ်တိုင်ပြန်ဖြတ်ထုတ်နေရတဲ့ ဒီအခြေအနေမှာ သူသာသတိလစ်သွားမယ်ဆိုရင် အသက်ပါ တစ်ခါတည်းသေဆုံးသွားနိုင်ပါတယ်။
ဒါပေမယ့် Rogozov ဟာ ကံကောင်းထောက်မစွာနဲ့ပဲ ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး ဒီဖြစ်စဉ်ဟာ အလွန်ရှားပါးလွန်းလှတာကြောင့် သူ့ဗိုက်သူ ပြန်ခွဲစိတ်ခဲ့တဲ့ ဓာတ်ပုံဟာ အတော်လေးကို ရေပန်းစားသွားခဲ့ရပါတယ်။ သူ့လိုသတ္တိမျိုးရှိဖို့ဆိုတာဟာ တကယ့်ကိုခက်ခဲလှပြီး လိုက်လုပ်ဖို့တာက မဖြစ်နိုင်သလောက်ပါပဲ။ကိုယ့်အသက်ကို ကာကွယ်ဖို့အတွက် ကိုယ်တိုင်ရုန်းကန်ခဲ့ရတဲ့ ဒီဆရာဝန်ရဲ့ဖြစ်ရပ်လေးကို ဗဟုသုတရဖွယ် ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ History