ပုရွက်ဆိတ်လုပ်သားတွေထဲမှာ ဆေးတပ်သားတွေလည်း ပါ၀င်ကြောင်း လေ့လာတွေ့ရှိ

//s9.kh1.co/c3/c39ccc89694b107ddc9166eea7e5bde0ae70bdbe.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပုရွက်ဆိတ်တွေမှာ တိုက်ခိုက်ရေး ပုရွက်ဆိတ် လုပ်သားများအပြင် ဆေးတပ်သားတာဝန် ထမ်းဆောင်တဲ့ ပုရွက်ဆိတ်များလည်း ရှိနေကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရတယ်လို့ သိပ္ပံပညာရှင်တွေက ဖော်ပြထားပါတယ်။ အာဖရိက Matabele ပုရွက်ဆိတ်များမှာ ဒဏ်ရာရရှိတဲ့ တိုက်ပွဲဝင် ပုရွက်ဆိတ် ရဲဘော်များကို ပြန်လည်သက်သာလာအောင် ပြုစုကုသပေးတဲ့ အဖွဲ့ရှိကြောင်း သက်တမ်းနှစ် ၃၅၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ နာမည်ကျော် ဇီဝဗေဒဂျာနယ် Royal Society B မှာ ဖော်ပြထားပါတယ်။

https://s9.kh1.co/__image/w=600,h=655,q=100/7e/7ee3211f68cdfa33b446d49e781dfcdddf025d39.jpg
https://s9.kh1.co/__image/w=600,h=400,q=100/57/57ab3834753f9780cab9594f20d6d558b54c5b05.jpg

အာဖရိကတိုက်ရဲ့ ကြောက်ခမန်းလိလိ စွမ်းရည်ပိုင်ဆိုင်ထားတဲ့ စစ်သည်တော်တွေကို အစွဲပြုမှည့်ခေါ်ထားတဲ့ Matabele ပုရွက်ဆိတ်တွေဟာ ပုရွက်ဆိတ်စစ်သည် ၂၀၀ - ၆၀၀ အတွင်း ပါဝင်ဖွဲ့စည်းတဲ့ စစ်ကြောင်းတွေနဲ့ သူတို့ထက် ပိုမိုကြီးမားတဲ့ ခြကောင်ကြီးများကို အမဲလိုက်လေ့ ရှိကြပါတယ်။ ပုရွက်ဆိတ် စစ်သည်တွေဟာ များသောအားဖြင့် ခြေလက်တွေမှာ ခြတွေရဲ့ အကိုက်ခံရပြီး ဒဏ်ရာရရှိကြတက်ပါတယ်။

https://s9.kh1.co/__image/w=600,h=398,q=100/02/025d818d0e77f73356afa240bc70370d90a50a6d.jpg
https://s9.kh1.co/__image/w=600,h=405,q=100/e7/e7c69e1d406cd478b44b3e539f9e0dff964d077d.jpg

အဆိုပါ ပုရွက်ဆိတ်တွေက တိုက်ပွဲဖြစ်ပွားရာ ဒေသမှ ဒဏ်ရာရ ပုရွက်ဆိတ်များကို သယ်ထုတ်သွားပြီးနောက် တွင်း၊ သစ်ခေါင်း စတဲ့ နေထိုင်အိမ်ကို ခေါ်ဆောင်သွားပြီး ဒဏ်ရာရတဲ့ ပုရွက်ဆိတ်တွေရဲ့ ပတ်လည်မှာ ဝိုင်းဖွဲ့လျက် အတူနေ ပုရွက်ဆိတ်များမှ ပွင့်ထွက်နေတဲ့ ဒဏ်ရာများကို လျက်ပေးခြင်းဖြင့် ကုသမှု ဝိုင်းဝန်းပြုလုပ်ကြကြောင်း သိရပါတယ်။ ဒီလိုကုသမှု ပြုလုပ်ခြင်းကြောင့် ဒဏ်ရာနဲ့ သေဆုံးနိုင်ချေရှိတဲ့ စစ်သားပုရွက်ဆိတ်ရဲ့ ၈၀% ကို ၁၀% သို့ လျှော့ချပေးနိုင်တာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီလေ့လာမှုအရ ပုရွက်ဆိတ်တွေက လူသားတွေအပြင် သူနာပြုလုပ်ငန်း ဆောင်ရွက်တတ်တဲ့ အလေ့အထရှိတဲ့ ကမ္ဘာပေါ်က နောက်ထပ်သတ္တဝါတစ်မျိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/95/9565b66072fa2fb522f6178c81fcd67dee788684.png
https://s9.kh1.co/__image/w=650,h=457,q=100/8a/8ade7a6a91f918acc1c1458c9973eb6948313660.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T