သခင်ဖြစ်သူရဲ့ အသက်ကို ဘဝနဲ့ရင်းပြီးကယ်တင်ခဲ့တဲ့ ခွေးကလေး

//s9.kh1.co/ea/ea4de3c282f8ad6242a80f844dc8967bece0f6c0.jpg
နေ့စဉ်သတင်းများ

 ၂၃-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

Alex Loredo လို့ခေါ်တဲ့ အသက် ၁၈ နှစ်အရွယ်ကောင်လေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက California မှာရှိတဲ့သူ့နေအိမ်ရဲ့ စာပွဲခုံအောက်ကနေ တရှူးရှူး နဲ့မြွေတွန်သံလိုမျိုး အသံကိုကြားခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် စားပွဲအောက်ကိုငုံကြည့်လိုက်တဲ့အချိန်မှာ အသင့်စောင့်ဆိုင်းနေတဲ့ မြွေဟောက်ကြီးကို တွေ့လိုက်ရပါတယ်။

ဒါ့ကြောင့် Alex ဟာလန့်ဖြန့်သွားခဲ့ပြီး ပြန်လှည့်ဖို့ကြိုးစားခဲ့ပေမယ့် မြွေဟောက်က သူ့ကိုတိုက်ခိုက်ဖို့ လုပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=309,q=100/db/db9b88c832e385ba8eb2691b2a108a01ab96206e.png

ဒါပေမယ့် အဲ့အချိန်မှာပဲ Alex ရဲ့ခွေးလေး Marley ဟာအလျင်အမြန်ရောက်လာခဲ့ပြီး သခင်ဖြစ်သူ မြွေဟောက်လက်ကနေ လွတ်ဖို့အတွက် ကြားထဲကနေဝင်ပြီး မြွေဟောက်ကိုတိုက်ခိုက်ခဲ့ပါတယ်။

ဒါ့ကြောင့်ပဲ ခွေးလေး Marley ဟာ မြွေဟောက်ရဲ့ လျှင်မြန်လှတဲ့ ပေါက်ချက် ၂ ချက်ကိုခံခဲ့ရပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။

ခွေးလေး Marley ဟာ ဒီပေါက်ခံရမှုကြောင့်ပဲ ပါးစပ်နဲ့ ဂုတ်မှာ ဒဏ်ရာရရှိခဲ့ပြီး မြွေဆိပ်ကြောင့် မလှုပ်နိုင် မရှားနိုင်ထိ ဖြစ်ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=615,h=410,q=100/c0/c06527dc1a4e6164785e882c16a8b858c33dc8ba.jpg

Alex အနေနဲ့လည်း ဒီအဖြစ်အပျက်ကိုမြင်ပြီး အခင်ဆုံး သူငယ်ချင်းတစ်ယောက်ကို ဆုံးရှုံးရတော့မလို ဝမ်းနည်းတဲ့ ခံစားချက်​ဖြစ်ပေါ်ခဲ့ပြီး Marley ကိုပွေ့ချီကာ ကားပေါ်တင်ပြီး ဆေးရုံကိုအပြေးမောင်းသွားခဲ့ပါတယ်။

ကံကောင်းလွန်းတာက မြွေဆိပ်အရမ်းမပြန့်ခင် ဆေးရုံကိုအမှီရောက်တဲ့အတွက် ခွေးလေး Marley ဟာ နှစ်ရက်လောက် ဆေးရုံတက်ကုသပြီးနောက်မှာ ပြန်ကောင်းလာခဲ့ပါတယ်။ ဘာ့ကြောင့်ပဲဖြစ်ဖြစ် သခင်ဖြစ်သူရဲ့အသက်ကို ဘဝနဲ့ရင်းပြီး ကယ်တင်ခဲ့တဲ့ ခွေးလေး Marley ရဲ့ သစ္စာရှိမှုကတော့ တကယ်လေးစားစရာပါပဲ။

https://s9.kh1.co/__image/w=615,h=309,q=100/db/db9b88c832e385ba8eb2691b2a108a01ab96206e.png

သတင်း အရင်းအမြစ်Daily Star

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T