မခွဲနိုင်မခွာနိုင်ဖြစ်လို့ လက်ထိပ်ခတ် အတူနေပြီးမှ မနေနိုင်တော့လို့ ပြန်ဖြုတ်တဲ့ စုံတွဲ

//s9.kh1.co/eb/eb30e9115e067622e668dab9095a5aec42d92440.jpg
နေ့စဉ်သတင်းများ

 ၂၃-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ယူကရိန်းနိုင်ငံကAlexandr Kudlay နဲ့ Viktoria Pustovitova တို့ ချစ်သူ နှစ်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ (ချစ်သူများနေ့) ကနေ စပြီး လက်ထိပ်ခတ်ကာ အတူနေခဲ့ကြပါတယ်။

သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေပိုပြီး မခွဲနိုင်မခွာနိုင်ဖြစ်နေသလို လက်ထိပ်ကို တစ်ယောက်ရဲ့လက်တစ်ဖက်ဆီမှာ ခတ်ပြီး ဘယ်လောက်ထိနေနိုင်လဲ သိချင်တဲ့အတွက် စမ်းသပ်တဲ့အနေနဲ့ အတူနေခဲ့ကြတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=480,h=342,q=100/94/94918676c14575e51d5198ed72692cfd00120200.jpg
https://s9.kh1.co/__image/w=480,h=349,q=100/45/45559532d3bdf04cdf7b4d343a3c29587d0f3463.jpg
https://s9.kh1.co/__image/w=480,h=314,q=100/e3/e37bae72466b78629aca58f582ddece8de2c502a.jpg

သူတို့နှစ်ဦးဟာ လက်ထိပ်ခတ်ထားတာကြောင့် ရေချိုး ၊ ထမင်းစား ၊ အပြင်သွား ဘာလုပ်လုပ်အတူတူဖြစ်နေခဲ့ပြီး နောက်ဆုံး အိမ်သာသွားရင်တောင်မှ အတူတူပါပဲ။

ဒါပေမယ့် နေကာစကတော့ အချစ်တွေနဲ့ပြည့်ပြီး အဆင်ပြေခဲ့ကြပေမယ့် ရက်တွေကြာလာတဲ့အခါမှာတော့ ဂရုစိုက်မှုအပြည့်မရတာတွေ ၊ နှစ်ယောက်သားဘာလုပ်လုပ် အတူရှိနေပေမယ့် မပျော်ရွှင်ရတာတွေ ၊ လက်ထိပ်ကြောင့် လွတ်လပ်မှုကို မခံစားရတာတွေနဲ့ အခြားသော အဆင်မပြေမှုတွေ ဖြစ်လာခဲ့ပါတယ်။

ဒါ့ကြောင့် သူတို့ချစ်သူနှစ်ဦးဟာ လက်ထိပ်ခတ်ပြီး နေထိုင်လာတာ ၁၂၃ ရက်မြောက်တဲ့နေ့မှာပဲ အဆင်မပြေတော့လို့ လက်ထိပ်ကို ဖြုတ်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=480,h=340,q=100/9d/9d1319090360b92dafdcb54d585389321d7997d9.jpg
https://s9.kh1.co/__image/w=480,h=358,q=100/35/35885b828f878b2eeb1dfe5549094129804cf129.jpg
https://s9.kh1.co/__image/w=480,h=344,q=100/37/373548c957a50f32437df9482e824936b4ed1c0c.jpg

လက်ထိပ်ဖြုတ်ပီးနောက်မှာတော့ ချစ်သူကောင်မလေးဖြစ်တဲ့ Kudlay ဟာ"ဒါဟာ ကျွန်မတို့နှစ်ယောက်အတွက် သင်ခန်းစာရလိုက်သလိုပါပဲ ၊ ယူကရိန်းချစ်သူစုံတွေအနေနဲ့လဲ ကျွန်မတို့လုပ်ခဲ့သလို လိုက်မလုပ်ကြဖို့ ပြောချင်ပါတယ်"လို့ပြောကြားခဲ့တာတွေ့ရပါတယ်။

သို့ပေမယ့်လည်း သူတို့ချစ်သူနှစ်ယောက်ဟာ လမ်းခွဲပြတ်စဲသွားတာမျိုးတော့ မဟုတ်ပါဘူး၊ လက်ထိပ်ကိုပြန်ဖြုတ်ခဲ့ရုံသာဖြစ်ပြီး အရင်တိုင်းဆက်ချစ်သွားကြမှာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း သူတို့ချစ်သူနှစ်ဦးဟာ အလှူလုပ်ဖို့အတွက် သူတို့နှစ်ဦးခတ်ခဲ့တဲ့ လက်ထိပ်ကို လေလံတင်ရောင်းချသွားဦးမယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=483,q=100/48/487eb6452e40839b3b754f825f225d1693e8243d.jpg
https://s9.kh1.co/__image/w=650,h=465,q=100/70/709f64fbb28fd2200f44726fd92f48a2f548bb04.jpg
https://s9.kh1.co/__image/w=650,h=476,q=100/54/549645e7beba2a3cb34a0394bb2d27d7c11bf1f0.jpg
https://s9.kh1.co/__image/w=480,h=352,q=100/86/8686a7499c4568b1b490b5c3f872b08636aca9cd.jpg
https://s9.kh1.co/__image/w=480,h=349,q=100/b7/b7f28a7b8c896ca07a35ab7e31325a63349df307.jpg

သတင်း အရင်းအမြစ်Reuters and Metro

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T