ကိုဗစ် ၁၉ ကာကွယ်ဆေး မထိုးပါက ထောင်ချမယ့် ဖိလစ်ပိုင်နိုင်ငံ

//s9.kh1.co/1e/1e084c028d60483f638358c743f5065bc88158d4.jpg
နေ့စဉ်သတင်းများ

 ၂၂-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ဖိလစ်ပိုင်နိုင်ငံအတွင်းမှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ Covid-19 ကာကွယ်ဆေးတွေ ထိုးဖို့ ဆောင်ရွက်နေကြပါတယ်လို့ သိရပါတယ်။

လက်ရှိ ဖိလစ်ပိုင်နိုင်ငံအတွင်းမှာ ဗီဇပြောင်း Delta ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ပျံ့နှံ့မှုတွေ ရှိလာတဲ့အတွက် ဒီကူးစက်မှုတွေကို ဟန့်တားနိုင်ဖို့အတွက် ကာကွယ်ဆေးထိုးနှံမှုတွေကို အင်တိုက်အားတိုက် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/20/20e72fadde60a433d63929a61a4fe1467e22cc53.webp

ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ဖိလစ်ပိုင် သမ္မတ ဒူတာတေးအနေနဲ့ covid ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်ပါက ထောင်ထဲထည့်ထားမယ်လို့ ပြောကြားခဲ့ပါတယ်။

သမ္မတ ဒူတာတေးပြောကြားခဲ့တာကတော့ " အကယ်၍ မင်းက covid ကာကွယ်ဆေးလည်း မထိုးထားတဲ့သူ ရောဂါကူးစက်နိုင်ခြေ ရှိတဲ့သူတစ်ယောက်ဆိုရင်တော့ ပြည်သူတွေကိုကာကွယ်ဖို့အတွက် ထောင်ထဲထည့်ထားရလိမ့်မယ် " ဆိုတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=435,q=100/1c/1c687b46ccf81fffb2660cb29834f38d632f435d.jpg
https://s9.kh1.co/__image/w=650,h=433,q=100/d9/d99ba2929de3334b386550d8cd9902366bc96237.jpeg

ဒါ့အပြင် သမ္မတ ဒူတာတေးအနေနဲ့ စည်းကမ်းတင်းကြပ်လေ ပိုကောင်းလေပဲလို့ ပြောကြားထားသလို ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်သူတွေကိုလည်း စာရင်းပြုစုထားဖို့ မှာကြားထားတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် လက်ရှိအခြေအနေအရ ဖိလစ်ပိုင်ပြည်သူတွေမှာ ထောင်ထဲသွားမလား ဒါမှမဟုတ် ကိုဗစ်ကာကွယ်ဆေး ထိုးမလားဆိုပြီး ရွေးချယ်စရာ နှစ်ခုရှိနေပါတယ်။

https://s9.kh1.co/__image/w=512,h=341,q=100/e7/e7b29f46520ada2999b1ef1955c2d5efaab035dd.jpg
https://s9.kh1.co/__image/w=650,h=434,q=100/93/93f384a2f7d5151b715561687a8f8a7e690c3715.jpg
https://s9.kh1.co/__image/w=650,h=434,q=100/e2/e2a5856d9b11fbd806ea1f55533cad1e97087b2c.jpg

သတင်း အရင်းအမြစ်The Guardian

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T