သုံးလအရွယ်လေးနဲ့ celebrity တစ်ယောက်လို နာမည်ကြီးနေတဲ့ ကလေးလေး

//s9.kh1.co/50/50d709868378717dae39cbe222a915eb34b49712.jpg
နေ့စဉ်သတင်းများ

 ၂၁-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

Canada နိုင်ငံ Surrey မြို့မှာနေထိုင်တဲ့ David Doronina ဆိုတဲ့ ကလေးငယ်လေးဟာ ဆိုရှယ်မီဒီယာပေါ်မှာသာမက သူနေထိုင်ရာမြို့မှာပါ နာမည်ကြီးနေတာတွေ့ရပါတယ်။

ဒီကလေးလေးဟာ မွေးထဲကနေပါလာတဲ့ သူ့ရဲ့ရွှေရောင်ဆံပင်ကြောင့် လူချစ်လူခင်ပေါပြီး နာမည်ကြီးနေတာ ဖြစ်သလို UK Prime Minister Boris Johnson နဲ့လည်းတူတာကြောင့် mini Boris ဆိုပြီး ပိုနာမည်ကြီးလာခဲ့တာပဲ ​ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=634,h=590,q=100/7b/7b0226d67162ad579702e5ccda110e3a603e03d1.jpg
https://s9.kh1.co/__image/w=650,h=366,q=100/09/09638c28f6ccb5861a1c16da3367c395d167dd5e.jpg

David လေးကိုတော့ ပြီးခဲ့တဲ့ March လ 1 ရက်နေ့ကမှ မွေးဖွားခဲ့တာဖြစ်ပြီး အခုမှ ၃ လသားအရွယ်သာရှိပါသေးတယ်။

David လေးရဲ့မိဘတွေကတော့ Tatiana နဲ့ Ruslan ဖြစ်ပြီး သူတို့နှစ်ယောက်လုံးက ဆံပင်အမဲတွေဖြစ်ပေမယ့် သားလေးက ဆံပင်ရွှေရောင်နဲ့မွေးဖွားလာတဲ့အတွက် အံ့အားသင့်ခဲ့ကြပါတယ်။

ဒါပေမယ့် သူတို့ရဲ့ အံ့အားသင့်မှုဟာ ဆံပင်ရွှေရောင်ဖြစ်တာကြောင့်လေး တစ်ခုထဲနဲ့ ရပ်မသွားခဲ့ရပါဘူး။

David လေးဟာ အခုဆိုရင် မိဘတွေနဲ့အတူ ဘယ်နေရာပဲသွားသွား Boris Johnson နဲ့တူတယ်ဆိုပြီး လူတိုင်းက လာနှုတ်ဆက်ကြ စကားလာပြောလိုက်ကြနဲ့ celebrity တစ်ယောက်လိုပါပဲ။

https://s9.kh1.co/__image/w=634,h=847,q=100/f4/f424f87c1906341922c05541765a0aac0d16ac1b.jpg
https://s9.kh1.co/__image/w=634,h=845,q=100/c8/c8112f71005c64786553c2fa1977d469967b9ad3.jpg
https://s9.kh1.co/__image/w=306,h=410,q=100/23/2331dbe119b6d56afe7ca84575a6178c338fdef9.jpg

David လေးရဲ့ဆံပင်ဟာ သူ့အရွယ်လေးနဲ့ဆိုရင် တော်တော်ထူးခြားတယ်လို့ ပြောလို့ရပြီး ရွှေရောင်ဆံပင်လေးနဲ့ သူ့ပုံစံက ဆွဲဆောင်မှုတစ်ခုခု ရှိနေတာတော့ အမှန်ပါပဲ။

ဒါ့အပြင် ပြူးတူးတူး ပြဲတဲတဲလေးနဲ့ သူ့ပုံစံလေးက အသည်းယားစရာလည်းကောင်းတယ်ဆိုတော့ မြင်တွေ့ရတာ ချစ်စရာကောင်းနေသလိုပါပဲ။

ပရိသတ်တွေလည်း ဒီပုံလေးတွေကြည့်ပြီး David လေးဟာ နာမည်ကြီးနေသလိုမျိုး တကယ်ပဲ Boris Johnson နဲ့တူသလားဆိုတာ ပြောပြခဲ့ကြဦးနော်.....

https://s9.kh1.co/__image/w=634,h=845,q=100/fb/fb6d5d64b5998c6ec92c0164b40a371f6db1680c.jpg
https://s9.kh1.co/__image/w=634,h=845,q=100/b8/b8091788d17989cf7a8e3fb73f2f77a26cc75763.jpg
https://s9.kh1.co/__image/w=650,h=366,q=100/09/09638c28f6ccb5861a1c16da3367c395d167dd5e.jpg
https://s9.kh1.co/__image/w=306,h=410,q=100/ff/ff72f751f60be5f8adfe81a0931bcb99057cf743.jpg

သတင်း အရင်းအမြစ်Daily Mail

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T