မိုးလေးနည်းနည်းအေးလာရင် ရေမချိုးချင်ကြတာက သဘာဝဆိုပေမယ့် အေးတာကို အကြောင်းပြပြီး တစ်ပတ်လောက်ထိ ရေမချိုးတဲ့သူတွေလည်း ရှိကြပါတယ်။
ဒါပေမယ့် အီရန်နိုင်ငံက အဘိုးအို တစ်ဦးဖြစ်တဲ့ Amoo Hadji ဟာဆိုရင် တစ်ပတ် နှစ်ပတ်လောက်ပဲ ရေမချိုးတဲ့သူတစ်ယောက်မဟုတ်ပါဘူး။
သူဟာ ရေမချိုးပဲနေလာတာ အခုဆိုရင် နှစ် ၆၀ ကျော်နေပြီပဲ ဖြစ်ပါတယ်။
ဒီအဘိုးအို ရေမချိုးတာက အခြားသူတွေလို အေးလို့ ၊ ပျင်းလို့ ရေမချိုးတာမျိုးမဟုတ်ပါဘူး။ ရေနဲ့ထိလိုက်တာနဲ့ သူ့ရဲ့ခန္ဓာကိုယ်ဟာ မကျန်းမာသလိုခံစားရတယ်လို့ ယူဆထားတာကြောင့် ရေမချိုးတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် လူပျိုကြီးဖြစ်တဲ့ ဒီအဘိုးအိုဟာ ရေချိုးရတာတစ်ခုထဲကို မကြိုက်တာမျိုးမဟုတ်ပါဘူး ။
သူဟာအစားစားတဲ့အခါမှာလည်း အပုတ်အသိုးတွေကိုစားရတာ ပိုနှစ်သက်သလို ရေသောက်တဲ့နေရာမှာလည်း ညစ်ပတ်နေတဲ့ရေတွေကို သောက်ရတာ ပိုသဘောတွေ့တဲ့ သူပဲ ဖြစ်ပါတယ်။
သူဟာ ဆေးတံလည်းသောက်တတ်ပြီး ဆေးတံထဲကိုလည်း ဆေးရွက်တွေအစား တိရိစ္ဆာန်တွေရဲ့ မစင်ကိုထည့်ပီးသောက်တတ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီအဘိုးအိုဟာ အိမ်ဆိုတာမျိုးမရှိပဲ အဆင်ပြေတဲ့နေရာမှာ ကြုံသလိုနေထိုင်နေတာပဲ ဖြစ်ပါတယ်။
ဒီအဘိုးအိုဟာ အခုလက်ရှိ အသက် ၈၀ ကျော်လာတဲ့အထိ ကျန်းကျန်းမာမာရှိနေသေးသလို ရေမချိုးတဲ့အတွက် သူ့ရဲ့အသားအရောင်ကလည်း မြေကြီးနဲ့တောင် တော်တော်လေးတူနေပါပြီ။
တစ်ရက် နှစ်ရက်လောက် ရေမချိုးရင်တောင် လူညစ်ပတ်လို့ အပြောခံနေရတဲ့ခေတ်ကာလမှာ ဒီလို နှစ် ၆၀ ကျော်လောက် ရေမချိုးတဲ့ ကမ္ဘာ့အညစ်ပတ်ဆုံး အဘိုးအိုတစ်ယောက်ရှိနေတာကတော့ တကယ့်ကို ထူးထူးဆန်းဆန်းပါပဲ။
သတင်း အရင်းအမြစ်៖ Reddit and Laughspark