သေတ္တာထဲထည့်ကာ မြစ်ထဲမျှောပြီး စွန့်ပစ်ခံခဲ့ရတဲ့ မွေးကင်းစ ကလေးငယ်လေး

//s9.kh1.co/75/759737c3e90e70f6f0bf945ed6f43b6b9afc08c1.jpg
နေ့စဉ်သတင်းများ

 ၁၈-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က အိန္ဒိယနိုင်ငံအတွင်းက Ganges မြစ်ထဲမှာ မွေးကင်းစကလေးလေးတစ်ယောက်ကို ထည့်ထားတဲ့ သစ်သားသေတ္တာတစ်ခု မြောလာခဲ့တယ်လို့ သိရပါတယ်။

ဒီသေတ္တာကိုတော့ ​လှေသမားတစ်ယောက်က တွေ့ရှိခဲ့တာဖြစ်ပြီး အထဲကိုဖွင့်ကြည့်လိုက်တဲ့အခါမှာ ကလေးလေးကို တွေ့ခဲ့ရတဲ့အတွက် သူ့အတွက် အံ့အားသင့်စရာတစ်ခုလို ဖြစ်ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=615,h=346,q=100/44/449a0995a75b31ae448d6a472a73de6ce6aa0d47.jpg

အဲ့ဒီနောက်မှာတော့ ​လှေသမားနဲ့ အနီးနားကရွာသားတွေဟာ တာဝန်ရှိသူတွေကိုအကြောင်းကြားပြီး ကလေးလေးကို ဆေးရုံကိုအမြန်ပို့ပေးခဲ့ပြီး ကျန်းမာရေးကိုစစ်ဆေးပေးခဲ့ပါတယ်။

ဒီကလေးလေးဟာ မိန်းကလေးဖြစ်ပြီး ကံကောင်းလွန်တာက ကလေးလေးဟာ ကျန်းမာရေးလည်းကောင်းမွန်တယ်လို့သိရပါတယ်။

ဒီကလေးလေးရဲ့နာမည်ကတော့ Ganga ဖြစ်ပြီး သူ့ကိုထည့်ထားတဲ့ သေတ္တာထဲမှာ နာမည်ရယ် မွေးတဲ့နေ့ရယ်ကိုပါရေးပေးထားခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=615,h=359,q=100/c6/c6b5dfd2d2ef888072b080356bef38304e1da9a1.jpg

သေတ္တာထဲမှာပါတဲ့ မွေးနေ့အရတော့ ဒီကလေးလေးဟာ ရှာတွေ့ခဲ့ချိန်မှာ အသက် ၂၁ ရက်အရွယ်ပဲရှိသေးပြီး တစ်လတောင်မပြည့်သေးပါဘူး..

ဒါ့အပြင် ဒီကလေးလေးရဲ့မိဘတွေဟာ ဘယ်သူဖြစ်လဲဆိုတာကို အခုထိမသိရသေးသလို ဘာကြောင့်စွန့်ပစ်ခံရလဲဆိုတာကိုလည်း မသိရသေးဘူးလို့ သိရပါတယ်။

https://s9.kh1.co/__image/w=615,h=346,q=100/44/449a0995a75b31ae448d6a472a73de6ce6aa0d47.jpg

သတင်း အရင်းအမြစ်Daily Star

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T