အာရွန်ရမ်ဆေး ဂိုးသွင်းယူပြီးတိုင်း အာဏာရှင်(သို့)နာမည်ကြီးတစ်ယောက် အသက်သေဆုံးရတဲ့ အားကစားလောကရဲ့ထူးထူးဆန်းဆန်းဖြစ်ရပ်

//s9.kh1.co/0a/0ada4b2de35e4e6dda67f73895041322f1700114.jpg
အားကစားသတင်းများ

 ၁၇-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

အာရွန်ရမ်ဆေး ဂိုးသွင်းယူပြီးတိုင်း အာဏာရှင်(သို့)နာမည်ကြီးတစ်ယောက် အသက်သေဆုံးရတဲ့ အားကစားလောကရဲ့ထူးထူးဆန်းဆန်းဖြစ်ရပ်

ဘောလုံးအားကစားလောကမှာ ramsey curseလို့လူသိများတဲ့ ထူးထူးဆန်းဆန်အဖြစ်အပျက်တစ်ခုရှိပါတယ်။အကြောင်းကတော့ ဝေးလ်လက်ရွေးစင်ကစားသမားအာရွန်ရမ်ဆေးမှာ မယုံကြည်နိုင်လောက်အောင် ထူးဆန်းတဲ့ကျိန်စာတစ်ခုရှိနေခဲ့ပါတယ်။ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တာမို့ အာရွန်ရမ်ဆေးတစ်ယောက် ဂိုးသိပ်မသွင်းပေမယ့် သူဂိုးသွင်းပြီးတိုင်းလည်း အာဏာရှင် (သို့မဟုတ်)နာမည်ကြီးသူတစ်ယောက် အသက်ဆုံးရှုံးရတဲ့ အံ့သြဖွယ်ကျိန်စာတစ်ခုပဲဖြစ်ပါတယ်။အာရွန်ရမ်ဆေးတစ်ယောက် (2011)ခုနှစ် မေလ (1)ရက်နေ့မှာ မန်ချက်စတာယူနိုက်တတ်အသင်းဘက်ကို ဂိုးသွင်းခဲ့ပြီး နောက်နေ့( 2)ရက်နေ့မှာ အိုစမာဘင်လာဒင်တစ်ယောက် အသတ်ခံရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

(2011)ခုနှစ် အောက်တိုဘာ (19)ရက်နေ့မှာလည်း ရမ်ဆေးတစ်ယောက် ပြင်သစ်ကလပ် မာဆေးလ်အသင်းကို ဂိုးသွင်းခဲ့ပြီး နောက်နေ့ (20)ရက်နေ့မှာ အာဏာရှင်ဂဒါဖီတစ်ယောက် အသတ်ခံရတယ်။(2013)ခုနှစ် မေလ (14)ရက်နေ့မှာလည်း အင်္ဂလန်ကလပ်ဖြစ်တဲ့ ဝီဂန်အသင်းဘက်ကို ဂိုးသွင်းခဲ့ပြီး နောက်နေ့မနက်အရောက်မှာ အာဂျင်တီးနားအာဏာရှင်ဗီဒဲလားတစ်ယောက် သေဆုံးသွားခဲ့ပါတယ်။(2011)မှာ steve jobs ၊ (2012)မှာ whitney houston၊ (2013)မှာ fast&furiousမင်းသားကြီး paul walker ၊(2014)မှာ robin williams၊ (2016)မှာ alan rickmanတို့ဟာလည်း အာရွန်ရမ်ဆေးဂိုးသွင်းပြီးနောက်နေ့တွေမှာ သေဆုံးသွားခဲ့ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

(2017)ခုနှစ် မေလ(27)ရက်နေ့မှာလည်းအာရွန်ရမ်ဆေးတစ်ယောက် ချဲလ်ဆီးအသင်းဘက်ကို ဂိုးသွင်းခဲ့ပြီး အဲ့နေ့မှာပဲ ပနားမား အာဏာရှင်မန်နူရယ်နိုရီဂါတစ်ယောက် သေဆုံးခဲ့ပါတယ်။ ညတုန်းကလည်း အာရွန်ရမ်ဆေးတစ်ယောက် တူရကီအသင်းဘက်ကို ပွဲချိန်(24)မိနစ်မှာ ဂိုးသွင်းယူခဲ့ပါတယ်။ ယခုအခါမှာတော့ ဘယ်အာဏာရှင်(သို့)နာမည်ကြီးသူ တစ်ယောက်သေဆုံးသွားမလဲ၊ အာရွန်ရမ်ဆေးရဲ့ကျိန်စာက ဒီတစ်ကြိမ်ရောမှန်ကန်မှာလား ဆိုပြီး တစ်ကမ္ဘာလုံးကပရိသတ်တွေက စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။

Source : Original Uploader

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T