ဝက်ဝံတစ်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် မျက်လုံးပါကျွတ်ထွက်သွားခဲ့ရတဲ့ အမျိုးသား

//s9.kh1.co/67/67c92082667ac109c477077a900745ed95e34afe.jpg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

Muhammad Mumtaz လို့ခေါ်တဲ့ အမျိုးသားတစ်ဦးဟာ ဝက်ဝံတစ်ကောင်ရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ သိရပါတယ်။

၄င်းအမျိုးသားဟာ Boniyar က Shaladajan ရွာအနီးက တောထဲမှာ သူ့ရဲ့ဆိတ်ကို ဂရုစိုက်နေတုန်း သူနဲ့အတူရှိနေတဲ့ လူတစ်ယောက်က ဝက်ဝံကို ကျောက်ခဲနဲ့ ပစ်ခဲ့ရာကနေ တိုက်ခိုက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/c9/c9607e84aeffbe152d9e8aedd61ef8ac55307470.jpg

ဝက်ဝံရဲ့တိုက်ခိုက်မှုကြောင့် သူရဲ့မျက်နှာ တစ်ခြမ်းဟာ ထိခိုက်ပျက်ဆီးသွားခဲ့သလို တော်တော်လေး ပြင်းထန်တဲ့ ဝေဒနာတွေကို ခံစားခဲ့ရပါတယ်။

ဒါ့အပြင် သူမျက်လုံးတစ်လုံးကလည်း ကျွတ်ထွက်သွားခဲ့ပြီး မျက်နှာတစ်ခုလုံးကလည်း သွေးတွေနဲ့ ပေကျံနေခဲ့ပေမယ့် Muhammad ဟာ တော်တော်လေး သတ္တိကောင်းတဲ့ သူတစ်ယောက်ပါပဲ။

https://s9.kh1.co/__image/w=615,h=1119,q=100/2e/2efdbf29e4400ff7d0231bcb56df906b17d019fb.jpg

ကံကောင်းတာကတော့ သူငယ်ချင်းတွေက ဝိုင်းပြီး ကျောက်ခဲနဲ့ထုပေးခဲ့တာကြောင့် Muhammad ဟာဝက်ဝံလက်ကနေ အချိန်မီလွတ်ပြီး အသက်ဘေးကနေတော့ လွတ်မြောက်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူငယ်ချင်းတွေဟာ Muhammad ကို ဘေးကင်းတဲ့နေရာဆီ ခေါ်ဆောင်သွားပေးခဲ့ကြပြီး ဆေးရုံကိုပို့ပေးခဲ့ကြပါတယ်။

Muhammad ဟာ လက်ရှိမှာ ဒဏ်ရာက သက်သာလာပေမယ့်လည်း မျက်လုံးတစ်ဖက်ကိုတော့ ဆုံးရှုံးထားရတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=615,h=1119,q=100/bd/bdedca56cd690c26017d36e52da69e3f3cf039f8.jpg

သတင်း အရင်းအမြစ်Daily Star

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T