အခက်အခဲတွေကနေ လွတ်မြောက်ဖို့အတွက် ကိုယ့်မျက်နှာကိုယ် သေနတ်နဲ့ပြန်ပစ်ခဲ့တဲ့ အမျိုးသား

//s9.kh1.co/48/48b181df0311b9f9ca617f881300a2840873968a.jpg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ငွေကြေးပြသနာတွေ အရမ်းရှုတ်လာတဲ့အခါ လူတွေဟာ လွတ်မြောက်မယ့်လမ်းကို ရှာတတ်ကြပါတယ်။

လွတ်လမ်းရှာရင်းနဲ့ လမ်းမှားရောက်သွားတဲ့လူတွေလည်း ရှိသလို မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ လူတွေလည်း အများကြီးမှ အများကြီးပါပဲ။

အဲ့ဒီလိုပဲ Russia နိုင်ငံက Mikhail Vladimirov လို့ခေါ်တဲ့ အမျိုးသားတစ်ဦးဟာလည်း ငွေကြေးပြသနာတွေကြောင့် shotgun နဲ့ မိမိကိုယ်ပစ်ပြီး အဆုံးစီရင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=365,q=100/7a/7ab20d8d178dfea284696291dbd4344e1d7055b1.jpg
https://s9.kh1.co/__image/w=650,h=650,q=100/be/be2286b15f12cdff2c2dd62af3e8130038421388.jpg

ဒီအဆုံးစီရင်မှုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး ကံကောင်းတယ်လို့ဆိုရမှာ​က ၄င်းအမျိုးသားဟာ အသက်သေဆုံးခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့် သူ့ရဲ့ ပါးစပ်တစ်ခုလုံးဟာ သေနတ်ဒဏ်ရာကြောင့် ပွင့်ထွက်သွားခဲ့ပြီး မေးရိုးနဲ့ နှာခေါင်းပါ ပျက်ဆီးသွားခဲ့ပါတယ်။

သူ့ရဲ့မျက်နှာ အခြေအနေဟာ ဘယ်လောက်ဆိုးသွားခဲ့သလဲဆိုတာကတော့ အခုမြင်တွေ့နေရတဲ့ ပုံတွေထဲက အတိုင်းပါပဲ။

https://s9.kh1.co/__image/w=650,h=366,q=100/66/665ebd7630fa23c9a6644c7dc23b7c751c676f4f.jpg

၄င်းအမျိုးသားဟာ ဒီဒဏ်ရာတွေကြောင့် ၄ လနီးပါးလောက်ဆေးရုံမှာ ကုသခဲ့ရပါတယ်။

လက်ရှိမှာတော့ Vladimirov ဟာ အသက်အန္တရာယ်ကနေ လွတ်မြောက်ပြီး ဆေးရုံကနေ ဆင်းလာနိုင်ပြီဆိုပေမယ့် သူ့ရဲ့မျက်နှာကတော့ အရင်လိုအကောင်းတိုင်း ပြန်မဖြစ်တော့ပါဘူး။

အသက်မသေပဲ ပြန်ရှင်လာတာက ဝမ်းသာစရာဆိုပေမယ့် နောက်ပိုင်းနေ့ရက်တွေဟာ မျက်နှာမရှိပဲ ဖြတ်သန်းရမယ့်ဘဝက Vladimirov အတွက် ကောင်းတာလား ဆိုးတာလားဆိုတာကတော့ သူကိုယ်တိုင်ကလွဲပြီး ဘယ်သူမှသေချာပြောပြနိုင်မယ် မထင်ပါဘူး။

https://s9.kh1.co/__image/w=650,h=843,q=100/7d/7d38107cfff7e0199fb136d1333794c4c1ac387f.jpg
https://s9.kh1.co/__image/w=615,h=409,q=100/66/667e667403aecf525f993ab1f91b3360f83678b5.jpg

သတင်း အရင်းအမြစ်The Sun

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T