ဝေလငါးပါးစပ်ထဲရောက်ပီးမှ အသက်မသေပဲ ပြန်လွတ်လာတဲ့ ကံကောင်းလွန်းသူ အမျိုးသား

//s9.kh1.co/21/2157b66b10d2609fdb0cfbbe311eee1e0ac5412c.jpg
နေ့စဉ်သတင်းများ

 ၁၃-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံသား Michael Packard ဟာ ဝေလငါးတစ်ကောင်ရဲ့ ပါးစပ်ထဲကို ရောက်သွားခဲ့ပါတယ်။

သူဟာ တံငါသည်တစ်ဦးဖြစ်ပြီး မက်ဆာချူးဆက် ပြည်နယ် ကမ်းခြေအနီး ကျောက်ပုစွန် ရှာဖို့ ရေငုပ်နေခဲ့ချိန်မှာ ကျောခုံးဝေလငါးကြီးတစ်ကောင်ရဲ့ မြိုတာကို ခံခဲ့ရတာလို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/9a/9a46867ea044897c37528786fe32b80bad3f18ad.jpg

၄င်းအမျိုးသားရဲ့ ပြန်လည်ပြောကြားချက်အရတော့ သူဟာ ရေငုပ်နေတုန်းမှာ အရမ်းကြီးမားတဲ့အရာတစ်ခုက တိုးဝှေ့လိုက်သလို ခံစားခဲ့ရပြီး အမှောင်ကျသွားသလို ခံစားခဲ့ရပါတယ်။

Michael Packard ဟာဘာဖြစ်သွားမှန်းမသိတဲ့အတွက် ရုန်းကန်နေခဲ့ပြီး ခဏအကြာမှာ သူဟာ ရေထဲပြန်ရောက်နေတာကို သတိထားမိခဲ့ပြီး ခေါင်းကိုခါယမ်းနေတဲ့ ဝေလငါးကြီးတစ်ကောင်ကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

Michael ဟာ တကယ်တော့ ဝေလငါးမြိုတာကိုခံခဲ့ရတာ​ဖြစ်ပြီး ဝေလငါးရဲ့ ပါးစပ်ထဲမှာ စက္ကန့် ၃၀ ကျော် ၄၀ လောက်နေခဲ့ရပါတယ်။

https://s9.kh1.co/__image/w=500,h=321,q=100/d7/d7e1d2e6dfd91c9c24c17c4fadcfc5c65afbeb50.jpg

Michael အနေနဲ့လည်း " ကျွန်တော်ဝေလငါးရဲ့ပါးစပ်ထဲကိုရောက်သွားခဲ့ပေမယ့် ပြန်လည် လွတ်မြောက်ခဲ့ပါတယ်၊ ပွန်းပဲ့ဒဏ်ရာတွေတော့ ရခဲ့ပေမယ့်လည်း အရိုးတွေတော့ ကျိုးမသွားခဲ့ပါဘူး” လို့ ပြောကြားထားပါသေးတယ်။

ဝေလငါးရဲ့ ပါးစပ်ထဲရောက်သွားပြီးမှ အသက်လည်းမသေခဲ့သလို ဒဏ်ရာလဲကြီးကြီးမားမား မရခဲ့တဲ့ ဒီအမျိုးသားဟာ ကံတော်တော်လေးကောင်းခဲ့တယ်လို့ ဆိုရမှာပါပဲ...ယ

https://s9.kh1.co/__image/w=300,h=168,q=100/e7/e715d8bd0ad661c21c2569c57cfdb7e454e92479.jpeg

သတင်း အရင်းအမြစ်Ndtv

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T