ကမ္ဘာ့ကလေးများနေ့မှာ ပျော်ရွှင်စရာအချိန်တွေကို မပိုင်ဆိုင်ကြရတဲ့ မြန်မာ့ကလေးလေးတွေရဲ့ အခြေအနေများ

//s9.kh1.co/13/138ba83d52e49979c95cf14623909d52424acb0d.jpg
နေ့စဉ်သတင်းများ

 ၁၃-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီယနေ့ ဇွန်လ ၁၃ ရက်နေ့ဟာဆိုရင် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကလေးငယ်များနေ့ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကလေးတွေအတွက် ပျော်ရွှင်စရာနေ့ရက်လေး ဖြစ်နေပေမယ့် မြန်မာပြည်က ကလေးများအနေနဲ့ကတော့ ဆင်းရဲဒုက္ခတွေနဲ့အတူ ပျော်ရွင်မှုတွေပါ ဝေးကွာနေခဲ့ပါတယ်။ ပြည်သူတွေသိကြတဲ့ အတိုင်း ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက စစ်အာဏာသိမ်းခဲ့ပြီး ယခုအချိန်မှာတော့ တောတောင်ဒေသတွေမှာ စစ်ဖြစ်ပွားနေလျက်ရှိပါတယ်။

Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader

စစ်ဘေးကြောင့် တောတောင်‌တွေထဲကို ရှောင်ပြေးနေကြရတဲ့ ပြည်သူတွေများပြားစွာရှိနေပြီး ထိုပြည်သူတွေထဲမှာ ကလေးသူငယ်များလည်း ပါ၀င်နေခဲ့ပါတယ်။ သူတို့လေးတွေအနေနဲ့ အရွယ်နဲ့ မလိုက်အောင် ဆင်းရဲဒုက္ခတွေကို ကြုံတွေ့ခံစားနေကြရပါတယ်။ သာမန်ဆိုကလေးငယ်တစ်ယောက်ဟာ ကစားကွင်းတွေကို သွားပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျောင်းနေစာတက်‌ရမယ့် အချိန်ပါ။ ယခုမှာတော့ တစ်ကမ္ဘာလုံးကို ကြောက်လန့်တုန်လှုပ်စေခဲ့တဲ့ Covid-19 ရောဂါကြီးကြောင့် ကလေးသူငယ်တွေရဲ့ ကျောင်းတက်ချိန်တွေလဲ မရှိတော့သလို သူတို့လေးတွေရဲ့ ချစ်စရာ အပြုံးမျက်နှာကိုလဲ Mask တွေနဲ့ဖုံးအုပ်ထားခဲ့ရပါတယ်။

Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader

ထိုအခြေအနေထက်ဆိုးတာက အပေါ်မှာဖော်ပြထားသလို ကလေးသူငယ်လေးတွေဟာ အာဏာရှင်ကြောင့် စစ်ပြေးအဖြစ် တိမ်းရှောင်‌နေရပြီး အိပ်ချိန်မမှန်မှုတွေနဲ့ အစာရေစာတွေပါ ပြတ်လပ်ကာ ဆင်းရဲဒုက္ခများစွာကို အသက်အရွယ်နဲ့မလိုက်အောင် ကြုံတွေ့ခံစားနေကြရပါတယ်။ ယနေ့ချိန်ထိ ကြောက်ဖို့ကောင်းတဲ့ရောဂါကိုလည်း ရင်ဆိုင်နေရသလို စစ်အာဏာရှင်ကြောင့်လည်း စစ်ပြေးရှောင်နေရတာဟာ သာမန်လူတစ်ယောက်အတွက်တောင် ခက်ခဲလှတဲ့အရာဖြစ်ပြီး ကလေးသူငယ်တွေအတွက်ဆို မတွေးဝံ့ရဲလောက်အောင် ရင်ဆိုင်ဖို့ခက်ခဲလှပါတယ်။ ခုလိုအပြစ်မရှိတဲ့ ကလေးလေးတွေအ‌တွက် ဆင်းရဲဒုက္ခတွေ ပျောက်ဆုံးပြီး ဘေးရန်ကင်းပါစေ။ မြန်မာနိုင်ငံကြီးလည်း အာဏာရှင်လက်မှ အမြန်ဆုံးလွှတ်မြောက်စေပြီး ငြိမ်းချမ်းတဲ့ မြန်မာ့မြေပေါ်မှာ လှပတဲ့ အနာဂါတ်လေးတွေ ပိုင်ဆိုင်ကာ ပြီးပြည့်စုံကြပါစေကွယ်။

Source & Photo Credit-Orginal Uploader

Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T