မြေကြီးပေါ်အိပ်ပြီး ဖြစ်သလိုစားကာ အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်မယ့် သတ္တိတွေအပြည့်နဲ့ လွတ်မြောက်နယ်မြေက သင်တန်းသားများ

//s9.kh1.co/59/5966538ce718b09f0f2c502ab005ea3d658544f7.png
နေ့စဉ်သတင်းများ

 ၁၁-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

ဖိနှိပ်ခံရမှုတွေများလာတဲ့အခါမှာ တော်လှန်လိုစိတ်ဟာ အလိုလိုပေါ်ပေါက်လာတတ်ပါတယ်။ စစ်ကောင်စီရဲ့ရက်စက်စွာဖိနှိပ်မှုတွေကို နေ့စဉ်ရက်ဆက်ဆိုသလို ခံခဲ့ရတဲ့ ပြည်သူတွေဟာ ဒီလိုခေတ်ဆိုးစနစ်ဆိုးကြီးကို တွန်းလှန်ကြဖို့အတွက် တောခိုကာ လက်နှက်ကိုင်ပြီး ရတဲ့နည်းနဲ့ တွန်းလှန်ကြဖို့ ဆုံးဖြတ်ချက်ချက်ခဲ့ကြပါတယ်။ PDF တွေဟာလည်း နေရာတိုင်းလိုလိုမှာရှိနေပြီး ပြည်သူ့သစ္စာဖောက်တွေကို အမြစ်ပြတ်ခြေမှုန်းနေခဲ့ပါတယ်။ ဒီလိုခြေမှုန်းရုံတင်မကဘဲ တောထဲမှာလေ့လာထားတဲ့စစ်သင်တန်းတွေကို လူငယ်တွေအတွက် ဆင့်ပွားပေးကာ သင်ပြခဲ့ကြပါသေးတယ်။

Photo Credit - Sai Nay Lin's FB Acc
Photo Credit - Sai Nay Lin's FB Acc

တော်ရုံဆုံးဖြတ်ချက်ခိုင်မာမှုလောက်နဲ့ တောထဲမဝင်နိုင်ကြတာတော့ အသေအချာပါပဲ။ ကိုယ့်အိမ်မှာလို သက်သက်သာသာနေရတာမဟုတ်ဘဲ အစစအရာရာ ပင်ပန်းဆင်းရဲကြီးစွာနဲ့ ဖြတ်သန်းရတာမျိုးပါ။ ဒီနေ့မှာလည်း လွတ်မြောက်နယ်မြေက ရဲဘော်လေးတွေရဲ့ ဘဝဖြတ်သန်းမှုကို ခေါင်းဆောင်တစ်ယောက်က ပြောပြလာခဲ့ပါတယ်။ ချမ်းအေးတဲ့ မိုးရာသီမှာ နွေးတဲ့အောက်ခံအခင်းမရှိဘဲ ဖြစ်သလိုအခင်းတစ်ချပ်နဲ့အိပ်ခဲ့ရသလို စားစရာဟာလည်း မာမားခေါက်ဆွဲခြောက်သာရှိတယ်လို့ ဆိုပါတယ်။ ဒီလိုအခက်အခဲတွေကို ရင်ဆိုင်ရဲတဲ့အထိ စိတ်အားထက်သန်နေတာ တကယ်ကိုအားရစရာပါ။

Photo Credit - Sai Nay Lin's FB Acc
Photo Credit - Sai Nay Lin's FB Acc
Photo Credit - Sai Nay Lin's FB Acc
Photo Credit - Sai Nay Lin's FB Acc

ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို " မိုးရာသီမှာ ကျနော်တို့ သင်တန်းသား ရဲဘော်လေးတွေရဲ့ လက်ရှိအခြေအနေပါ မြေကြီးပေါ်မှာ အိပ်ရတယ် စားရတာက မာမားပါ တောထဲကအခြေအနေပါပဲ ဒီခလေးတွေရဲ့ အခက်အခဲက ကျနော့်အခက်အခဲပါပဲ ကျနော်စားရရင် သူတို့စားရမယ် မရှိအတူရှိအတူပဲ ဒီတော်လှန်ရေးပြီးတဲ့အထိ စစ်ကောင်စီကို အခက်အခဲကြားကနေ ရင်ဆိုင်တိုက်ထုတ်သွားကြမယ်... " ဆိုပြီး ပြည်သူတွေသိအောင် ပြောပြလာခဲ့ပါတယ်။ အရာရာကိုရင်ဆိုင်ဖို့ သတ္တိတွေရှိလာတဲ့အခါ အောင်မြင်မှုကလည်း လက်ကမ်းကြိုဆိုနေမှာပါ။

Photo Credit - Sai Nay Lin's FB Acc
Photo Credit - Sai Nay Lin's FB Acc

သတင်း အရင်းအမြစ်Sai Nay Lin's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T