ဂိုးသမားတွေ ကိုဗစ်ကူးစက်ခံရလို့ ခံစစ်မှူးက ဂိုးဝင်ဖမ်းတဲ့ ကာဂျစ်စတန်အသင်းကို ၈ဂိုး၁ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်သွားခဲ့ရတဲ့ မြန်မာလက်ရွေးစင်အသင်း

//s9.kh1.co/31/310aa8066319a78c4091bdd9b96e680f85e759f3.jpg
အားကစားသတင်းများ

 ၁၁-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ဂိုးသမားတွေ ကိုဗစ်ကူးစက်ခံရလို့ ခံစစ်မှူးက ဂိုးဝင်ဖမ်းတဲ့ ကာဂျစ်စတန်အသင်းကို ၈ဂိုး၁ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်သွားခဲ့ရတဲ့ မြန်မာလက်ရွေးစင်အသင်း

ယနေ့ဇွန်လ၁၁ရက်နေ့မှာတော့ မြန်မာလက်ရွေးစင်ဘောလုံးအသင်းနဲ့ ကာဂျစ်စတန်လက်ရွေးစင်ဘောလုံးအသင်းတို့ ဂျပန်နိုင်ငံမှာ ယှဥ်ပြိုင်ကစားခဲ့ပြီး ကာဂျစ်စတန်လက်ရွေးစင်အသင်းက မြန်မာလက်ရွေးစင်အသင်းကို ၈ဂိုး ၁ဂိုးနဲ့ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ပထမပိုင်း၂၄မိနစ်တွင် မြန်မာလက်ရွေးစင်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ ရန်နိုင်ဦးတစ်ယောက် တိုက်ရိုက်အနီကတ်ထိခဲ့တာဖြစ်ပါတယ်။မြန်မာလက်ရွေးစင်အသင်းဟာ ပထမပိုင်းမှာတင် ၅ဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder  
Photo Credit: Original Uploder  
Photo Credit: Original Uploder  
Photo Credit: Original Uploder  
Photo Credit: Original Uploder  
Photo Credit: Original Uploder  

ကာဂျစ်စတန်အသင်းဘက်မှာ ဂိုးသမား၃ဦးအထိ ကိုဗစ်ကူးစက်ခံထားရတာဖြစ်လို့ နောက်ခံလူakmatovက ဂိုးသမားအဖြစ်ဂိုးဝင်ဖမ်းခဲ့တာပဲဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ကာဂျစ်စတန်အသင်းက ၃ဂိုးထပ်သွင်းခဲ့ပြီး မြန်မာလက်ရွေးစင်အသင်းအတွက် ချေပဂိုးကိုတော့ကွင်းလယ်ကစားသမားလှိုင်းဘိုဘိုက သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။ ကာဂျစ်စတန်အသင်းအတွက် ခြေစွမ်းပြခဲ့သူကတော့ တိုက်စစ်မှူးMirlan Murzaevဖြစ်ပြီး မြန်မာအသင်းဘက်ကို ၃ဂိုးအထိသွင်းယူခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder  
Photo Credit: Original Uploder  
Photo Credit: Original Uploder  
Photo Credit: Original Uploder  
Photo Credit: Original Uploder  
Photo Credit: Original Uploder  

ကာဂျစ်စတန်အသင်းနဲ့ပွဲမှာ အခုလိုဂိုးပြတ်ရှုံးနိမ့်သွားတာကြောင့် မြန်မာလက်ရွေးစင်အသင်းဟာ ဇယားရဲ့အောက်ဆုံးဖြစ်တဲ့ အဆင့်(၅)နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ မြန်မာလက်ရွေးစင်ဘောလုံးအသင်းကတော့ မေလ ၂၈ရက်နေ့ကလည်း ဂျပန်လက်ရွေးစင်ဘောလုံးအသင်းနဲ့ ယှဥ်ပြိုင်ခဲ့ပြီး ၁၀ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါသေးတယ်။မြန်မာလက်ရွေးစင်ဘောလုံးအသင်းကတော့ ဇွန်လ၁၅ရက်နေ့မှာလည်း တာဂျစ်စတန်အသင်းနဲ့ ဂျပန်နိုင်ငံမှာပဲ ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Source : Original Uploder  

Photo Credit: Original Uploder  
Photo Credit: Original Uploder  
Photo Credit: Original Uploder  
Photo Credit: Original Uploder  
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T