စစ်ဘေးရှောင်ပြည်သူများကို သွားရောက်အားပေးရင်း လိုအပ်နေတာလေးတွေကို ဝိုင်းဝန်း ကူညီလှူဒါန်းပေးဖို့ တိုက်တွန်းလာတဲ့ MMA ကစားသမား Antoniyar

//s9.kh1.co/71/713e5c667ca06687b5e54829b399820c0819f766.jpg
အားကစားသတင်းများ

 ၀၄-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အာဏာရှင်စနစ် ဆန့်ကျင် ဆန္ဒပြလူထုလှုပ်ရှားမှုတွေမှာ အမှန်တရားကိုလိုလားကြတဲ့ ပြည်သူတွေနဲ့အတူ ဘက်ပေါင်းစုံက အနုပညာများအပြင် မြန်မာနိုင်ငံကိုယ်စားပြု နာမည်ကြီး အားကစားသမားတွေလည်း တစ်သားတည်းရပ်တည်ပေးတာ တွေ့ရပါတယ်။ ဒီလို ပြည်သူတွေနဲ့ အပြည့်အဝရပ်တည်ပေးခဲ့တဲ့ အားကစားသမားတွေထဲမှာ MMA ဖိုက်တာကစားသမား ကယန်း တိုင်းရင်းသူလေး Bozhena Antoniyar လည်း အပါအဝင်ပဲဖြစ်ပါတယ်။

Photo Credit - Bozhena Antoniyar
Photo Credit - Bozhena Antoniyar
Photo Credit - Bozhena Antoniyar
Photo Credit - Bozhena Antoniyar

Bozhena Antoniyar ဟာ ယခုဆိုရင် အာဏာရှင်စနစ် ကျရှုံးရေးအတွက် ကယားပြည်နယ်က ပြည်သူ့ကာကွယ်ရေး PDFတပ်ဖွဲ့ရဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ မြို့ခံ စုပေါင်း PDF တပ်တွေ အကြား ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ထောင်ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

Photo Credit - Bozhena Antoniyar
Photo Credit - Bozhena Antoniyar
Photo Credit - Bozhena Antoniyar
Photo Credit - Bozhena Antoniyar
Photo Credit - Bozhena Antoniyar
Photo Credit - Bozhena Antoniyar

ယင်း စစ်ရှောင်နေရတဲ့ နေရာသို့ Bozhena Antoniyar ဟာ ဇွန်လ (၃) ရက်ညက သွားရောက်ပြီး ထွက်ပြေးလာတဲ့ ဒေသခံပြည်သူတွေကို အားပေးစကားခဲ့တယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ဒါ့ အပြင် စစ်ရှောင်ပြည်သူများ လိုအပ်နေတဲ့ ဆန်၊ဆီ၊ဆား၊ ဆေးဝါး၊ မိုးကာအကြီး(တလပတ်)၊အိပ်သာခွက်၊ ကလေးများအတွက် မုန့်အနည်းငယ်၊သောက်ရေသန့်၊ အမျိုးသမီးလစဉ်သုံး၊ ရေချိုးခန်းသုံး အသုံးအဆောင်ပစ္စည်း၊ စောင် ၊ ခြင်ထောင်၊ မိုးတွင်းသုံး ခြုံမိုးကာ စတဲ့ လို့အပ်တဲ့ ပစ္စည်းတွေကို စေတနာရှင်များက ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ကိုလည်း တိုက်တွန်းလာခဲ့ပါတယ်။

Photo Credit - Bozhena Antoniyar
Photo Credit - Bozhena Antoniyar
Photo Credit - Bozhena Antoniyar
Photo Credit - Bozhena Antoniyar

သတင်း အရင်းအမြစ်Source - Bozhena Antoniyar

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T