ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များတွင် ယှဉ်ပြိုင်ကစားမည့် မြန်မာအသင်းရဲ့ကစားသမားစာရင်းထွက်ပေါ်

//s9.kh1.co/48/48bc3d6feb682ae31352be8a90f25c031d184c4f.jpg
အားကစားသတင်းများ

 ၂၇-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ......ယခုလာမည့်မေလ ၂၈ ရက်တွင် ယှဉ်ပြိုင်ကစားရမယ့် ဂျပန်အသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အပါအဝင်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်တို့နှင့် ယှဉ်ပြိုင်ကစားရမည့် ပွဲစဉ်များအတွက် ကစားသမား (၂၄)ဦး ပါဝင်သည့် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်တာကိုတွေ့ရပါတယ်။ မြန်မာအသင်းရဲ့နည်းပြချုပ်အဖြစ် အန်တိုနီဟေးက ကိုင်တွယ်‌နေတာဖြစ်ပြီးလက်ရှိအချိန်တွင်ဂျပန်နိုင်ငံသို့ ရောက်ရှိကာလေ့ကျင့်နေပြီလို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/48/48cea7777830ac11421bc4037333370008b84eeb.jpg
https://s9.kh1.co/__image/w=650,h=432,q=100/8d/8dbcb1a763d8c9bacd7ba2305ef916ee28d34d9e.jpg

လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် မြန်မာ့လက်ရွေးစင်ဘောလုံးသမားတွေဖြစ်တဲ့ အောင်သူ၊အောင်ကောင်းမာန်၊ကျော်ကိုကို၊ကျော်ဇင်ထက်၊ကျော်ဇင်ဖြိုး၊ဇော်မင်းထွန်း၊ထိုက်ထိုက်အောင်၊နန္ဒကျော်စတဲ့ ဘောလုံးကစားသမားအချို့ကတော့ ပါ၀င်ခြင်းမရှိဘူးလို့သိရပါတယ်။ မြန်မာအသင်းက ၂၀၂၂ ကာတာကမ္ဘာ့ဖလား ခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလား ခြေစစ်ပွဲများအဖြစ် လာမည့်မေ ၂၈ ရက်တွင် ဂျပန်၊ ဇွန် ၁၁ ရက်တွင် ကာဂျစ်စတန်၊ ဇွန် ၁၅ ရက်တွင် တာဂျစ်ကစ္စတန်စတဲ့အသင်းများနှင့်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Photo credit-Myanmar Football Federation
Photo credit-Myanmar Football Federation
Photo credit-Myanmar Football Federation
Photo credit-Myanmar Football Federation

မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းအနေနဲ့

နည်းပြချုပ် − အန်တိုနီဟေး

ဂိုး − ကိုကိုနိုင် (ဟံသာဝတီ ယူနိုက်တက်)၊ ဆန်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)၊ ပြည့်လျံအောင် (ရတနာပုံ)။

နောက် − ဇော်ရဲထွန်း (ရတနာပုံ)၊ ရဲရင့်အောင်၊ လာဒင့်မောရာ (ဟံသာဝတီ ယူနိုက်တက်)၊ ဒေးဗစ်ထန်၊ ရဲမင်းသူ (ရှမ်းယူနိုက်တက်)၊ စိုးမိုးကျော်၊ ဟိန်းထက်စည်သူ (ရန်ကုန်ယူနိုက်တက်)၊ သိန်းသန်းဝင်း (Free Agent)

လယ် − ရန်နိုင်ဦး၊ မောင်မောင်လွင်၊ ငြိမ်းချမ်းအောင်၊ လွင်မိုးအောင်၊ မောင်မောင်ဝင်း (ရန်ကုန်ယူနိုက်တက်)၊ တင်ဝင်းအောင် (Free Agent)၊ လှိုင်းဘိုဘို (ရတနာပုံ/ ဆူခိုထိုင်း)၊ မြတ်ကောင်းခန့် (ရတနာပုံ)၊ ထက်ဖြိုးဝေ (ရှမ်းယူနိုက်တက်)။

ရှေ့ − ပြည်မိုး၊ ဝင်းနိုင်ထွန်း (ရန်ကုန်ယူနိုက်တက်)၊ သန်းထက်အောင် (ဧရာဝတီယူနိုက်တက်)၊ ဆောင်လမန် (ရနောင်း ယူနိုက်တက်) တို့ဖြစ်ကြပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်.....။

Photo credit-Myanmar Football Federation
Photo credit-Myanmar Football Federation
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmar Football Federation

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T