ပြက္ခရွေ့တောင်ပေါ်က ဆရာတော်ကြီးနဲ့ အမှတ်မထင်တွေ့ဆုံကာ ဝတ္ထုငွေနှင့် အချိုပွဲမုန့်များ လှူဒါန်းလိုက်ရလို့ ပီတီဖြစ်နေတဲ့ ထူးခန့်ကျော်

//s9.kh1.co/76/76d3fbdbf8dd87e35bcc298d6ef59d8836c06864.jpg
အနုပညာရှင်များ

 ၁၇-မေ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် ထူးခန့်ကျော်ကတော့ ဗီဒီယိုဇာတ်ကားတွေ များစွာကို ရိုက်ကူးနိုင်ခဲ့သူ ဖြစ်ပြီး နောက်ပိုင်းတွင် ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ "မမှီဝဲနဲ့ကင်းအောင်နေ"ဇာတ်ကားတွင် ပါဝင်ခဲ့တာ ပဲဖြစ်ပါတယ်။ သူ့ရဲ့ ပီပြင်ကောင်းမွန်တဲ့ သရုပ်ဆောင် စွမ်းရည်နဲ့ ဇာတ်ရုပ်ကို ပုံဖော်နိုင်တာကြောင့် ပရိသတ်တွေ အများအပြားထပ် ရရှိခဲ့တာ ဖြစ်ပါတယ်။ထူးခန့်ကျော်က အနုပညာအလုပ်တွေ လုပ်ကိုင်တဲ့ အပြင် ထုံကျင်ကိုက်ခဲ ဝေဒနာခံစားနေရတဲ့ ခုနစ်ရက်သားသမီး ဘယ်သူ့ကိုမဆို အခမဲ့ ကုသပေးနေတာ ဖြစ်ပါတယ်။

Photo Credit - Htoo Khant Kyaw FB Account

သူက ဘာသာရေးလည်း ကိုင်းရှိုင်းသူဖြစ်ပြီး အလှူအတန်းတွေကိုလည်း နိုင်သလောက် လှူဒါန်းကုသိုလ်ပြုနေတာ ဖြစ်ပါတယ်။မကြာသေးခင် အချိန်ကဆိုရင် ပြက္ခရွေ့တောင်ပေါ်မှာသီတင်းသုံးနေတော်မူသော ဆရာတော်ဘုရားကြီးကို အမှတ်မထင် တွေ့ဆုံကာ ပဌာန်းပွဲကြီးအတွက်ဝတ္ထုငွေနှင့်အချိုပွဲအတွက်မုန့်များအား လှူဒါန်းရလိုက်ခြင်းကြောင့် အင်မတန်ပီတိကုသိုလ်များဖြစ်ခဲ့ရကြောင်းကို ပြောပြပေးလာတာ ဖြစ်ပါတယ်။

Photo Credit - Htoo Khant Kyaw FB Account
Photo Credit - Htoo Khant Kyaw FB Account
Photo Credit - Htoo Khant Kyaw FB Account
Photo Credit - Htoo Khant Kyaw FB Account
Photo Credit - Htoo Khant Kyaw FB Account
Photo Credit - Htoo Khant Kyaw FB Account
Photo Credit - Htoo Khant Kyaw FB Account
Photo Credit - Htoo Khant Kyaw FB Account

"အင်မတန်ပီတိကုသိုလ်များဖြစ်ခဲ့ရလေသည် ပြက္ခရွေ့တောင်ပေါ်မှာသီတင်းသုံးနေတော်မူသော ဆရာတော်ဘုရားကြီးဘဒ္ဒန္တကေသရသည် တောင်အောက်ကူမဲမြို့အရင်ကဆရာတော်ဘုရားကြီးသီတင်းသုံးတော်မူခဲ့သောကျောင်း၌ ပဌာန်းကျမ်းတော်ကြီးပူဇော်ဖို့ကြွမြန်းခဲ့ရာတွင် မထင်မှတ်ပဲဆရာတော်ဘုရားကြီးပါရမီအား တစ်ထောင့်တစ်နေရာမှပါရမီဖြည့်ကာ ပဌာန်းပွဲကြီးအတွက်ဝတ္ထုငွေနှင့်အချိုပွဲအတွက်မုန့်များအား လှူဒါန်းရလိုက်ခြင်းကြောင့်အင်မတန်ပီတိကုသိုလ်များဖြစ်ခဲ့ရလေသည် ဆရာတော်ဘုရားကြီးသည်ဓမ္မဝိဇ္ဇာဆရာတော်ဘုရားကြီးဖြစ်ပေသည် ဆရာတော်ဘုရားကြီးမူလသီတင်းသုံးခဲ့သောကျောင်းဝန်း၌ စေတီပုထိုးများစွာနှင့်သာသနိကအဆောက်အအုံများစွာတို့အားလည်း အံ့အားသင့်ဖွယ်ဖူးမျှော်တွေ့ရှိခဲ့ရလေသည် ဆရာတော်ဘုရားကြီးပြုခဲ့သောသာသနာများ တည်ခဲသောစေတီများ ရုပ်ပွားမြတ်များနှင့် သာသနိကအဆောက်အဦးများအား ရေးပြ၍မရနိုင်အောင်များပြားလှပေသည် ဆရာတော်ဘုကြီးသီတင်းသုံးတော်မူသောပြက္ခရွေ့တောင်တော်ပေါ်၌ ကျွန်တော်စေတီတည်ဖို့ပြုလုပ်ခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့်ရွှေ့ဆိုင်းလိုက်ရပြီး ဒီမိုးအကုန်မှတည်ဖို့ဆရာတော်ဘုရားကြီးမိန့်မှာခဲ့လေသည် အင်မတန်တန်ခိုးကြီးလှသောဆရာတော်ဘုရားကြီး၏ပါရမီအား ဒီဘဝပါကျွန်တော်နှင့်တကွ ခုနစ်ရက်သားသမီးများပါရမီဖြည့်ခွင့်ရခြင်းသည် အင်မတန်ခဏတာလူဖြစ်ခွင့်ရကျိုးလေးနပ်ကြရလေပြီ ကျွန်တော်လှူဒါန်းမှူ့အားလုံးတို့သည် ခုနစ်ရက်သားသမီးများ၏ကောင်းမှု့ကုသိုလ်များပင်ဖြစ်ပေသည် အခုတော့ကျွန်တော့်ရင်ထဲက ကူမဲမြို့လေးကိုခဏတာခွဲခွာရပြန်ပြီလေ အားလုံးကျန်းမာလို့ချမ်းသာကြပါစေ?????"လို့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ဖော်ပြလာတာ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း ထူးခန့်ကျော်ကို ဒီထက်လှူဒါန်းနိုင်အောင် ဆုတောင်းပေးကြကာ ဆရာတော် ဘုရားကို ဖူးမျှော်ခွင့်ရလို့ ကျေးဇူး တင်နေကြတာ ပဲဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Htoo Khant Kyaw FB Accont

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T