ညဘက် အမှောင်ထဲမှာတောင် ရရာနည်းလမ်းနဲ့ မိမိတို့ဆန္ဒတွေကို ထုတ်ဖော်ခဲ့ကြတဲ့ ထားဝယ်က လူငယ်တွေရဲ့ ညသပိတ်

//s9.kh1.co/b9/b98dd29efe0389910375525596b050cd101adfba.jpeg
နေ့စဉ်သတင်းများ

 ၁၃-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.....

မြန်မာနိုင်ငံရဲ့ မြို့နယ်တိုင်းမှာဆိုရင် ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေကို နေ့ရော ညပါ တွေ့မြင်နေရဆဲပါ ။  ရပ်တည်ချက် ခိုင်မာစွာနဲ့ ရှေ့ဆက်လျှောက်လှမ်းနေတဲ့ လူငယ်တွေက ပြည်သူလူထုကို ရှေ့ဆုံးကနေ ဦးဆောင်နေကြတာလည်း ဖြစ်ပါတယ် ။လူငယ်တွေကလည်း ဘယ်လောက်ပဲ အခက်အခဲတွေ ကြုံတွေ့နေရပါစေ နောက်မဆုတ်ဘဲ ဇွဲ ၊ သတ္တိ အပြည့်နဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နေဆဲပါ။ ဒါ့အပြင် နည်းလမ်းမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်မှုတွေကိုလည်း နိုင်ငံတကာက မီဒီယာတွေ စိတ်ဝင်စားလာအောင် ကြိုးစားနေကြတာပဲ ဖြစ်ပါတယ် ။ 

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

ပြည်သူတွေကလည်း အရမ်းစည်းလုံးကြပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အကြောင်းအရာ တစ်ခုခု တင်လိုက်တာနဲ့ မြို့နယ်တိုင်း နီးပါးက ညီညီညွတ်ညွတ် လုပ်ဆောင်ကြတာလည်း တွေ့ရပါတယ်။ဒီရက်ပိုင်းမှာဆိုရင်လည်း မြို့တိုင်းရဲ့ လမ်းမတွေထက်မှာ သပိတ်စစ်ကြောင်းတွေကို ပြန်လည်တွေ့မြင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေကတော့ နေရာဒေသတွေ ကွဲပြားခြားနားကြပေမယ့် လျှောက်လှမ်းနေတဲ့ ရည်ရွယ်ချက် ပန်းတိုင်ကတော့ တစ်ခုထဲဖြစ်လို့ အားမာန်အပြည့်နဲ့ လှုပ်ရှားမှုတွေကို တညီတညွတ်တည်း လုပ်ဆောင်နေကြဆဲပါ။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

မေလ (၁၂) ရက် ညပိုင်းမှာဆိုရင်လည်း ထားဝယ်မြို့ရှိ လူငယ်လေး တွေ စုပေါင်းပြီး ဖယောင်းတိုင်မီးများ ကိုယ်စီ ကိုင်ဆောင်ကာ မိမိတို့ရင်ထဲက ဆန္ဒတွေကို ငြိမ်းချမ်းစွာ ထုတ်ဖော်ခဲ့ကြပါတယ်။အရင်ရက်တွေမှာလည်း မြို့နယ်စုံ စုပေါင်းသပိတ်နဲ့ အင်္ကျီအဖြူများ ဆင်တူဝတ်ဆင်ကာ အင်အားများစွာနဲ့ ချီတက်ခဲ့ကြတဲ့ သပိတ် စတာတွေကိုလည်း လှုပ်ရှားခဲ့ကြပါတယ်။ပရိသတ်ကြီးအတွက် ထားဝယ်မြို့က လူငယ်တွေရဲ့ ညသပိတ် ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader<br>
Photo Credit - Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T