ပြည်သူ့ကာကွယ်ရေးတပ် (PDF)ကို ဖွဲ့စည်းလိုက်ပြီဖြစ်တဲ့ ရန်ကုန်တိုင်းဒေကြီးအတွင်းရှိ မြို့နယ်လေးမြို့

//s9.kh1.co/22/22a584469cdc40fb88710b21729e41fac5714257.jpeg
နေ့စဉ်သတင်းများ

 ၁၂-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

......

ရဲစွမ်းသတ္တိအပြည့်နဲ့ တက်တက်ကြွကြွ လှုပ်ရှားနေကြတဲ့ လူငယ်မျိုးဆက်သစ်တွေကတော့ ဒီနေ့ထိ နွေဦးတော်လှန်ရေးကြီးမှာ စိတ်ရောကိုယ်ပါနှစ်ထားကြဆဲဖြစ်ပါတယ်။GenXYZ လေးတွေက တီထွင်ဖန်တီးမှုတွေကောင်းကြသလို သွက်သွက်လက်လက်လည်းရှိကြပြီး အများအကျိုးအတွက် အသက်ကိုတောင်ပေးရဲကြလို့  တကယ်လေးစားစရာ ကောင်းကြပါတယ်။ တစ်ချို့လူငယ်တွေဆိုရင် ခြိမ်းခြောက်ခံရမှုတွေကြောင့် ထွက်ပြေးတိမ်ရှောင်နေရပေမယ့် ဒီနေ့ထိ ရရာနေရာတွေကနေ ပါဝင်ကူညီအားဖြည့်နေကြတဲ့ ဇွဲ ၊ သတ္တိတွေကလည်း ချီးကျူးစရာကောင်းပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader

ခုဆိုရင် နေရာဒေသတိုင်းမှာ နေ့ရော ညပါ ဖိနှိပ်ဖမ်းဆီးတာတွေ အပစ်အခတ်တွေရှိနေဆဲပါ။ဒီလိုအခြေအနေတွေမှာ ပြည်သူအချင်းချင်းကပဲ တစ်ယောက်ကို တစ်ယောက် ခုခံကာကွယ်ပေးရင်း ရှေ့ဆက်လှမ်းနေကြတာပါ။ဒီနေ့မှာတော့ ရန်ကုန်တိုင်းဒေကြီးအတွင်းရှိ မြောက်ဥက္ကလာပ၊ အင်းစိန်၊ သင်္ကန်းကျွန်း၊ ရွှေပြည်သာ စတဲ့မြို့နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကိုဖွဲ့စည်းပြီး ဖြစ်ကြောင်းကြေညာ ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ပြည်သူ့ကာကွယ်ရေးတပ်မှာဆိုရင် သက်ဆိုင်ရာ မြို့နယ်များမှာ နေထိုင်ကြတဲ့ လူငယ်အင်အားများစွာဖြင့် ဖွဲ့စည်းထားပြီး ပြည်သူများကို ခုခံ ကာကွယ်ပေးရန်နှင့် ယုံကြည်ချက်ပန်းတိုင် တစ်ခုဖြစ်တဲ့ ဒိမိုကရေစီစနစ် အောင်မြင်နိုင်ဖို့ ရည်ရွယ်ကြောင်းတွေကိုလည်းရေးသားဖော်ပြထားပါတယ်။ဒါ့အပြင် ရန်ကုန်သာမက အခြားမြို့တွေမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ကို ဖွဲ့စည်းထားတာတွေလည်း ရှိနေတယ်လို့သိရပါတယ်။ ပရိသတ်ကြီးအတွက် ရန်ကုန်တိုင်းရှိ မြို့နယ်လေးမြို့ရဲ့  ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းပြီးကြောင်း ကြော်ငြာစာကို ပြန်လည်ဝေမျှပေးရင်း မြန်မာနိုင်ငံကြီးလည်း အမြန်အေးချမ်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T