ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေတဲ့ တလုပ်မြို့ရဲ့လက်ရှိအခြေအနေကို ပြန်လည်ဝေမျှပေးလာတဲ့ ဘုန်းဆက်သွင်

//s9.kh1.co/dc/dc46003d89561844175d7ebf336b9b06b82b9c5d.jpeg
အနုပညာရှင်များ

 ၁၂-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လူထုလှုပ်ရှားမှုတွေ  စတင်လာခဲ့သည်မှာ ရက်ပေါင်း (၁၀၀) ကျော်ခဲ့ပြီဖြစ်သော်လည်း  ပြည်သူတွေက သွေးအေးမသွားဘဲ  တက်ကြွစွာ ပါဝင်ပူးပေါင်းနေကြဆဲ  ဖြစ်ပါတယ်။ နေရာဒေသအလိုက် မတူညီတဲ့ တော်လှန်နည်းမျိုးစုံနဲ့ပါဝင်အားဖြည့်နေကြတာကို မြင်တွေ့ရသည်မှာ လေးစားစရာ ကောင်းလွန်းလှပါတယ်။  မြင်းခြံမြို့ရဲ့ မြောက်ဘက်နားမှာရှိတဲ့ တလုပ်မြို့ကျေးရွာတွင် မနေ့ကတည်းကနေ ဒီနေ့မနက်အထိ  တိုက်ပွဲအခြေအနေ ပြင်းထန်နေကြောင်းသိရှိရပါတယ်။

Photo Crd-Phone Sett Thwin’s Facebook Account
Photo Crd-Phone Sett Thwin’s Facebook Account
Photo Crd-Original Uploader
Photo Crd-Original Uploader

ရွာတွေထဲအထိ လိုက်လံပစ်ခတ်နေတာကြောင့်  တလုပ်ရွာသူ၊ရွာသားများ ဘေးကင်းရာသို့ ပုန်းရှောင်နေကြရတာဖြစ်ပါတယ်။ သက်ကြီးရွယ်အိုများလည်း မပြေးနိုင်မလွှားနိုင်တာကြောင့် ငယ်ရွယ်သူများက ထမ်းပိုးပြီး ပြေးနေကြရတာ ဖြစ်ပါတယ်။ တလုပ်ကျေးရွာတွင် နေထိုင်ကြသူများအားလုံး ဘေးအန္တရာယ် ကင်းရှင်းပါစေလို့လည်းပြည်သူများက သူတို့ရဲ့ လူမှုကွန်ယက်မှတစ်ဆင့်  ဆုတောင်းမေတ္တာပို့သပေးနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း သရုပ်ဆောင် ဘုန်းဆက်သွင်မှ ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေတဲ့ တလုပ်မြို့ရဲ့လက်ရှိအခြေအနေကို ပြန်လည်ဝေမျှပေးလာတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader

" ?တလုပ်မြို့ လက်ရှိ အခြေအနေ

Media တွေမှာဖော်ပြနေတဲတလုပ်မြို့

သတင်းအကောက်လွဲမှု နှင့်တလုပ်အခြေအနေ

သတင်းတွေထဲမှာ တူမီးများဖြင့်ပြန်လည်ခုခံနေသည်ဆိုသော်လည်းမြေပြင်တွင်ရရာလက်နက်များဖြင့်သာပြန်ခုခံနေကြခြင်းဖြစ်ပါတယ်။ (တူမီးအနည်းငယ်မျှသာရှိ)နယ်ခံဘက်မှာ ယခုထိ ၆နာရီတိုက်ပွဲ

ခြေထောက်ထိအပါအဝင်၄ယောက်ထိခိုက်ထားပါတယ်။ မစိုးရိမ်ရပါ။ စကစဘက်မှအထိအခိုက်အသေအပျောက်များပြားနိုင်ပြီး ယခုထိ မန္တလေးဘက်မှ အင်အားထပ်မံ ဖြည့်နေဆဲပါ အဘက်ဘက်ကပိတ်ပြီးတစ်မြို့လုံးကိုဖိနေတုန်းပါ။ သေနတ်ကိုရင်ဘတ်နဲ့ပြန်ခုခံနေတဲ့တလုပ်ကိုဒီတိုင်းပြစ်မထားပါနဲ့ အနီးအနားက မြို့ရွာတွေတလုပ်ကိုကူညီပေးကြပါ 

တလုပ်မြို့အတွက် ထကြွပေးပါ " ဆိုပြီး ရေးသားတောင်းဆိုထားတာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာလည်း ရွာထိပ်တွင် အဆိုတော် မွန်းအောင်ရဲ့ " အရေးကြီးပြီ " သီချင်းကို ဖွင့်ပြီး မတရားမှုကို တော်လှန်နေကြတာ ဖြစ်ပါတယ်။ အေးချမ်းလှတဲ့ တလုပ်မြို့လေး အမြန်ဆုံး အောင်ပွဲဆင်နွှဲနိုင်ပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Phone Sett Thwin’s Facebook Account  and Original Uploader

Photo Crd-Phone Sett Thwin’s Facebook Account
Photo Crd-Phone Sett Thwin’s Facebook Account
Photo Crd-Phone Sett Thwin’s Facebook Account
Photo Crd-Phone Sett Thwin’s Facebook Account
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T