အမှန်တကယ်ခက်ခဲနေတဲ့ အိမ်ထောင်စုတွေအတွက် အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/e1/e153407bbe2ede4af9290442f5a58b2d03f9f317.jpeg
အနုပညာရှင်များ

 ၁၂-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.......

ပရဟိတ မင်းသားကြီးလို့တောင် တင်စားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ကတော့ ဝေဠုကျော် ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး လိုအပ်နေတဲ့ နေရာတွေမှာ လိုက်လံလှူဒါန်းပေးနေတဲ့ သူတစ်ယောက်ပါ ။ ဝေဠုကျော် ဖောင်ဒေးရှင်းရဲ့ အကူညီတွေကြောင့် ခက်ခဲနေတဲ့ ဘဝတွေ အဆင်ပြေသွားခဲ့တာလည်း မနည်းပါဘူးနော် ။ ကိုယ်ကျိုးမကြည့်ဘဲ နေ့စဉ်မနားတမ်း ကူညီလုပ်ဆောင်ပေးနေတာကြောင့် ပြည်သူပရိသတ်တွေက လေးစားအားကျနေတာပါ။

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 

ဒီလိုကာလမှာဆိုရင် အကူအညီလိုအပ်နေသူတွေလည်း အများအပြားရှိနေပြီး ဝေဠုကျော်ဖောင်ဒေးရှင်းကလည်း လက်လှမ်းမှီသလောက် လိုက်လံကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒီနေ့မှာလည်း စားဝတ်နေရေး အမှန်တကယ် ကြပ်တည်းနေတဲ့ လက်လုပ်လက်စား ပြည်သူတွေဆီကို အလှူရှင်တွေကိုယ်စား သွားရောက်ကာ ဆန် ၊ ဆီ အပါအဝင် လိုအပ်တဲ့ အခြား စားနပ်ရိက္ခာများ သွား​ရောက်လှူဒါန်းပေးခဲ့တာကိုတွေ့မြင်ရပါတယ်။ 

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 

အခုလိုအကျပ်အတည်းကာလကြီးမှာ အလှူရှင်တွေများစွာ လိုအပ်နေတဲ့ ဖောင်ဒေးရှင်းတွေကို တတ်နိုင်သလောက် ကူညီလှူဒါန်းတာဟာလည်း အခက်အခဲဖြစ်နေတဲ့သူတွေကို ကူညီတာပဲမို့ တကယ်ကို မွန်မြတ်လှပါတယ်။ ဝေဠုကျော်က ယနေ့အလှူလေးနဲ့ပတ်သက်ပြီးလည်း "  အလှူငွေ တစ်သိန်းကျပ် ကို နွမ်းပါးပြည်သူ စားနပ်ရိက္ခာအလှူအတွက် လှူဒါန်းပေးပါတယ်။ လှူဒါန်းပေးမှုများအတွက် အလှူရှင်များအား ဖောင်ဒေးရှင်းမှ အထူးကျေးဇူးတင် သာဓု ခေါ်ဆိုပါတယ် လှူဒါန်းရသော အလှူဒါနသည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်းဖြစ် ပါစေ..ကောင်းမှုအစုစုကြောင့်...   ကောင်းကျိုးအရာရာ လိုရာဆန္ဒ ပြည့်ဝ ပါစေ...လိုတိုင်းတ, ရနိူင် ပါစေ....အသက်ရှည်ကာ အနာမဲ့နိုင် ပါစေ...စိတ်၏ချမ်းသာခြင်း  ကိုယ်၏ကျမ်းမာခြင်း နှင့် ပြည့်စုံပါစေ ကပ်ရောဂါ အပေါင်းမှ ကင်းဝေးနိူင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် "လို့ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Source & Photo Credit : Wai Lu Kyaw Facebook Page 
Source & Photo Credit : Wai Lu Kyaw Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T