သူဇာဝင့်လွင်ရဲ့ အိတ်ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး နောက်ဆုံးသိရှိထားတဲ့ သတင်းအချက်အလက်တွေကို ပြောပြလာတဲ့ ဥက္ကာမင်းမောင်

//s9.kh1.co/71/714972065906e258d68dcd36891c8165429fe687.jpeg
အနုပညာရှင်များ

 ၁၁-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဆယ်စုနှစ်ကျော်တိုင်အောင်  အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင်ဥက္ကာမင်းမောင်ကတော့ လက်ရှိအချိန်တွင် ပြည်ပနိုင်ငံတွင်  နေထိုင်ရင်း အလုပ်လုပ်နေတာ  ဖြစ်ပါတယ်။  မြန်မာနိုင်ငံသို့ ပြန်လာလည်တဲ့ အခါများမှာလည်း  ပရိသတ်တွေနဲ့ အဆက်သွယ် မပြတ်အောင် အနုပညာလှုပ်ရှားမှုတွေကို လုပ်ဆောင်နေတာ  ဖြစ်ပါတယ်။ အနုပညာမောင်နှမအချင်းချင်း ရိုင်းပင်းကူညီလေ့ရှိတာကြောင့်လည်း အားလုံးက ချစ်ခင်နေကြတာ ဖြစ်ပါတယ်။

Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 

သူကတော့ အမေရိကန်နိုင်ငံတွင် မကြာခင် ကျင်းပတော့မယ့်Miss Universe ပြိုင်ပွဲအား မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်  ဝင်ရောက်ယှဉ်ပြိုင်မယ့် အလှမယ် သူဇာဝင့်လွင်ကို ခန်းမထဲထိ သွားရောက် အားပေးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။  ပြည်ပသို့ တစ်ယောက်တည်း ခက်ခက်ခဲခဲ လာရပြီး ယှဉ်ပြိုင်ရတဲ့ Candy ကိုလည်း ပရိသတ်တွေ  ဝန်းရံအားပေးကြဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ မနေ့က သူဇာဝင့်လွင်ရဲ့ Evening Gown တွေ ထည့်ထားတဲ့အိတ်ကို LA လေဆိပ်တွင် ပျောက်ဆုံးခဲ့တာကြောင့် ဥက္ကာမင်းမောင်မှ တတ်နိုင်သလောက် ကူညီပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်   သူဇာဝင့်လွင်ရဲ့ အိတ်ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး နောက်ဆုံးသိရှိထားတဲ့ သတင်းအချက်အလက်တွေကို ပြောပြလာတာ ဖြစ်ပါတယ်။

Photo Crd-Thuzar Wint Lwin’s Facebook Page 

" Miss Myanmar National Costume update:

မနက်က မစိုးယု​ဝေက ဆက်သွယ်လာတာ.. Candy ​လေးရဲ့ National Costume က New York က DHL မှာ ​ရောက်​နေလို့တဲ့.. Miami ကို ဘယ်​နေ့​ရောက်မလဲ မသိလို့ သူရင်တမမနဲ့ စိတ်ပူလို့ ကူညီလို့ရရင် ကူညီပါဆိုလို့ Tracking number ​ပေး​တယ်.. ကျွန်​တော်လည်း သွားထုတ်လို့ ရရင် သွားထုတ်ပြီး ကိုယ်တိုင် သယ်သွား​ပေးလို့ရတယ်လို့.. ဗုဒ္ဓဟူး​နေ့ မနက် Miami သွားမှာလို့ ​ပြောလိုက်တာ..အလုပ်မှာဆို​တော့လည်း ဖုန်း​အကြာကြီး​ပြောဖို့ အဆင်မ​ပြေ​တော့ Chrissy ကိုပဲ DHL ကိုဖုန်းဆက် စုံစမ်းလိုက်တာ သူ့ရဲ့ National Costume က ဒီ​နေ့ညပဲ New York က​နေMiami ကို ထွက်သွားမယ်​ပြောပါတယ်.. Flight အတိအကျ​တော့မသိပါတဲ့.. အကျိုးအ​ကြောင်း​တွေပြန်​ပြော​တော့မှအမစိုးယု​ဝေလည်း စိတ်ပူ​နေတာအလုံးကြီး​တော့ တစ်ဝက်ကျသွားတာ​ပေါ့​လေ.. Candy လက်ထဲ ဝတ်စုံ ​ရောက်မှဘဲ စိတ်​အေးရမယ်..Candy နဲ့ စကား​ပြောဖြစ်​တော့လည်း သူက စိတ် အရမ်းဖိစီး​နေတာ.. သနားပါတယ်.. ပြိုင်ရတဲ့သူက ပိုဖိစီးတာ​ပေါ့.. အခက်အခဲ​တွေ​ပေါင်းများစွာထဲက အိတ်​ပျောက်တဲ့ ဂယက်​တွေက ထပ်ဖြစ်​သေး​တော့..သူ့ခမျာလည်း မြန်မာနိုင်ငံ က​နေ မရရ​အောင်ထွက်လာပြီး စွန့်စားပြီးလာပြိုင်ရတာ..အား​ပေးရတာ​ပေါ့​လေ..သူ့ကိုလည်း စိတ်ညစ်ရင် မျက်နှာမှာ​ပေါ်တယ်.. လိုတာရှိ​ပြော.. ပြိုင်ပွဲကာလ အပြုံးဘယ်တော့မှ မပျက်နဲ့.. အားလုံးအဆင်​ပြေသွားပါလိမ့်မယ်လို့ အား​ပေးရတယ်... သူ့ကြိုးစားမှူ​တွေအရာထင်ကျန်ခဲ့​စေချင်လို့.. သူ့ရဲ့ Final မှာ ဝတ်မယ့် evening gown ပါတဲ့ အိတ်က​တော့ သတင်းဘာမှ မရ​သေးပါဘူး.. ​ထူးရင် ​ပြောပါမယ်.. National Costume က​တော့ ဒီအတိုင်းဆို အချိန်မှီ​လေး​ရောက်သွားလိမ့်မယ်လို့​မျှော်လင့်ပါတယ်" ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ ဝတ်စုံတွေ အချိန်မှီရောက်မလာလည်း ဗီယက်နမ်အလှမယ်မှ သူမသယ်လာတဲ့ ဝတ်စုံတွေကို ကူညီပေးသွားမှာ ဖြစ်ပါတယ်။ သူဇာဝင့်လွင်တစ်ယောက်  အခက်အခဲများစွာ ကျော်ဖြတ်ပြီး ယှဉ်ပြိုင်ရမယ့် Miss Universe ပြိုင်ပွဲကြီးကို အွန်လိုင်းမှ Voting ပေးခြင်းဖြင့် အားပေးကြပါဦးနော်။ 

Source and Photo Crd-Okkar Min Maung’s and Thuzar Wint Lwin’s Facebook Page 

Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T