လူမှန်းသိတတ်စတည်းက အမေခေါ်စရာမရှိဘဲ အနားမှာအမြဲရှိနေပေးနေတဲ့ ဖခင်ဖြစ်သူကိုကျေးဇူးတင်စကားဆိုလာတဲ့ နေခြည်ငြိမ်းချမ်း

//s9.kh1.co/ca/ca017db5865a27a438c5158e7e47a95e8bacf3d6.jpeg
အနုပညာရှင်များ

 ၁၀-မေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

ရယ်စရာဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ လူရွှင်တော်ငြိမ်းချမ်းကတော့ သဘင်လောကမှာ အောင်မြင်မှုတွေရရှိထားသူပဲ ဖြစ်ပါတယ်..။

ဟာသ လူရွှင်တော်တစ်ယောက်ဖြစ်သလို ဇာတ်ကားတွေလည်း များစွာရိုက်ကူးထားတဲ့ ငြိမ်းချမ်းကတော့ ပရဟိတအလုပ်တွေကိုလည်း လုပ်ဆောင်နေတာ တွေ့ရပါတယ်..။

Photo Credit - Naychi Nyeinchan's Fb Acc
Photo Credit - Naychi Nyeinchan's Fb Acc
Photo Credit - Naychi Nyeinchan's Fb Acc
Photo Credit - Naychi Nyeinchan's Fb Acc

ငြိမ်းချမ်းရဲ့သမီးချောဖြစ်တဲ့ နေခြည်ငြိမ်းချမ်းကတော့ လူမှန်းသိတတ်စအရွယ်ကတည်းက အမေခေါ်စရာမရှိဘဲ အနားမှာအမြဲရှိနေပေးနေတဲ့ ဖခင်ဖြစ်သူကို ကျေးဇူးတင်စကားဆိုလာပါတယ်..။

အမေခေါ်စရာမရှိပေမယ့် အခုချိန်ထိ အဖေခေါ်ခွင့်ရတာကိုက ဘာနဲ့မှမလဲနိုင်တဲ့အကြောင်းတွေကို အမေများနေ့မှာ သူမရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Naychi Nyeinchan's Fb Acc
Photo Credit - Naychi Nyeinchan's Fb Acc
Photo Credit - Naychi Nyeinchan's Fb Acc
Photo Credit - Naychi Nyeinchan's Fb Acc
Photo Credit - Naychi Nyeinchan's Fb Acc
Photo Credit - Naychi Nyeinchan's Fb Acc

"အမေများနေ့ဆိုတာ သိလိုက်ရတဲ့ အချိန်မှာနောက်ကျမှ သိလိုက်ရလို့ စိတ်မကောင်းဖြစ်သွားတယ် မေမေ

လူမှန်းသိထဲက မေမေခေါ်စရာမရှိပေမယ့်ဖေဖေက အမြဲအနားမှာရှိနေပေးခဲ့လို့ ကျေးဇူးပါဖေဖေ 

မေမေလို့ခေါ် စရာမရှိပေမယ့် ဖေဖေလို့ အခုချိန်ထိ ခေါ်နေခွင့်ရတာကိုက ဘာနဲ့မှမလဲနိုင်ပါဘူးဖေဖေ

အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ နေပေးပါဖေဖေ

မရှိတော့တဲ့ မေမေ့ကို သတိရပြီးရှိနေတဲ့ ဖေဖေနဲ့ ရန်ခဏခဏဖြစ်ရတာလည်း ပျော်စရာတခုပါဖေဖေ

ချစ်တယ် ဖေဖေနဲ့မေမေ

နေ့ရက်တိုင်းဟာ အဖေများနေ့နဲ့ အမေများနေ့ပါ

ဖေဖေနဲ့မေမေ

မိဘရဲ့ကျေးဇူးတွေကို ထာဝရဆပ်ခွင့်ရတဲ့သူ ဖြစ်ရပါစေ.." ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

သူမရဲ့ ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း သားအဖနှစ်ယောက်ရဲ့ အမှတ်တရတွေကို သဘောကျနေကြသလို အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Naychi Nyeinchan's Fb Acc
Photo Credit - Naychi Nyeinchan's Fb Acc
Photo Credit - Naychi Nyeinchan's Fb Acc
Photo Credit - Naychi Nyeinchan's Fb Acc

သတင်း အရင်းအမြစ်Naychi Nyeinchan's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T