လူမှန်းသိတတ်စအရွယ်ကတည်းက မိခင်ဖြစ်သူနဲ့ အတူမနေခဲ့ရတဲ့ သူမရင်ထဲက ခံစားချက်တွေကို ပြောပြလာတဲ့ ခင်သဇင်

//s9.kh1.co/6e/6ece771e34101de36571067876c0d6ee56668669.jpeg
အနုပညာရှင်များ

 ၀၉-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားများတွင် ပါဝင်ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားသူကတော့  သရုပ်ဆောင်  ခင်သဇင်ပဲ  ဖြစ်ပါတယ်။ သူမကတော့  လေယာဉ်မယ်အဖြစ်ကနေ သရုပ်ဆောင်ဘက်သို့ကူးပြောင်းလာတာ ဖြစ်ပါတယ်။ လူတိုင်းအပေါ်မှာလည်း လိုအပ်တာမှန်သမျှ အမြဲကူညီပေးတတ်တာကြောင့်လူချစ်လူခင်ပေါများသူလည်း  ဖြစ်ပါတယ်။

Photo Crd-Khin Thazin’s Facebook Account 
Photo Crd-Khin Thazin’s Facebook Account 
Photo Crd-Khin Thazin’s Facebook Account 
Photo Crd-Khin Thazin’s Facebook Account 

ဒီနေ့လေးကတော့ သား၊သမီးတွေကို  ကိုးလလွယ် ဆယ်လ ဝမ်းနဲ့လွယ်ကာ ခက်ခက်ခဲခဲ မွေးဖွားပေးခဲ့ကြတဲ့ အမေများနေ့ပဲ ဖြစ်ပါတယ်။ အမေများနေ့လေးမှာ အပင်ပန်းခံပြီး မွေးပေးခဲ့ကြတဲ့ မိခင်ရဲ့ ကျေးဇူးတွေကို ဆပ်လို့မကုန်တဲ့အကြောင်းတွေကို အားလုံးရဲ့ လူမှုကွန်ယက်များတွင် ရေးသားထားကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ခင်သဇင်ရဲ့ Facebook အကောင့်တွင်  လူမှန်းသိတတ်စအရွယ်ကတည်းက  မိခင်ဖြစ်သူနဲ့အတူမနေခဲ့ရတဲ့ သူမရဲ့ရင်ထဲက ခံစားချက်တွေကို ပြောပြလာတာ ဖြစ်ပါတယ်။

Photo Crd-Khin Thazin’s Facebook Account 
Photo Crd-Khin Thazin’s Facebook Account 
Photo Crd-Khin Thazin’s Facebook Account 
Photo Crd-Khin Thazin’s Facebook Account 
Photo Crd-Khin Thazin’s Facebook Account 
Photo Crd-Khin Thazin’s Facebook Account 

" အမေ ဆိုတာနဲ့ 

လူမှန်းသိတတ်စ အရွယ်တည်းက 

အတူမနေခဲ့ရ အသံမကြားရ 

မထိတွေ့ရဘဲ ကြီးပြင်းခဲ့ရတဲ့ ကျွန်မ က 

ဒီလိုအမေများနေ့ကို ရောက်လာမှာ 

အကြောက်ရဆုံးပါပဲ... 

အားလုံးက ပုံတွေ တင်ကြလည်း 

ကိုယ့်မှာက အမေနဲ့ တွဲရိုက်ထားတဲ့ပုံ

တင်စရာ မရှိနေပါဘူး...

အမေဆုံးပါးသွားတဲ့နောက် 

ဆောက်လုပ်လှူဒါန်းထားတဲ့ 

ဘုန်းကြီးကျောင်းဆောင်လေးပဲရှိပါတယ်..

ဒီလိုနေ့ရောက် တိုင်း ဆုတောင်းပေးဖြစ်တာက

ဤလှူဒါန်းရပါသော ကောင်းမှု ကုသိုလ် အစုစုတို့ကြောင့်အမေ ကောင်းရာဘုံဘဝမှာ ပျော်ရွှင်နေပါစေလို့ဒီဘဝမှာတော်စပ်ခဲ့တဲ့ သမီး ခင်သဇင်က

အမြဲဆုတောင်းပေးနေပါတယ်..??

ချစ်တဲ့ သမီးငယ်ခင်သဇင် ❤️

၉/၅/၂၀၂၁ " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ခင်သဇင်ရေးသားထားတဲ့ စာလေးကြောင့်ကရုဏာသက်နေကြတာ ဖြစ်ပါတယ်။  အမေများနေ့မှာ မိခင်များအားလုံး ချစ်ရတဲ့ သားသမီးများနဲ့အတူ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Khin Thazin’s Facebook Account 

Photo Crd-Khin Thazin’s Facebook Account 
Photo Crd-Khin Thazin’s Facebook Account 
Photo Crd-Khin Thazin’s Facebook Account 
Photo Crd-Khin Thazin’s Facebook Account 
Photo Crd-Khin Thazin’s Facebook Account 
Photo Crd-Khin Thazin’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T