ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ အခိုင်အမာရပ်တည်ပေးခဲ့တဲ့ သူဇာဝင့်လွင်ရဲ့စိတ်ဓာတ်ကို လေးစားဂုဏ်ယူနေတဲ့ မေဦး

//s9.kh1.co/12/12e53c14f70031c1228e87c53f86d72a82fdddd9.jpeg
အနုပညာရှင်များ

 ၀၉-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အလှမယ် သူဇာဝင့်လွင်ကတော့ Miss Universe Myanmar 2021 Winner ဆုရှင်တစ်ယောက် ဖြစ်ပါတယ်။ သူမကတော့ လက်ရှိမှာ Miss Universe ပြိုင်ပွဲတွင်  မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူဇာဝင့်လွင်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ပြင်ဆင်ခဲ့ပုံတွေကို ဗီဒီယိုဖိုင်နှင့်တကွ ပြောပြထားတာ ဖြစ်ပါတယ်။

Photo Crd-Thuzar Wint Lwin’s Facebook Page 

သူမကတော့ ဇန်နဝါရီလ တစ်လလုံး ပြိုင်ပွဲအတွက် ကြိုးစားခဲ့ရပြီး ဖေဖော်ဝါရီ (၁) ရက်နေ့မှာတော့ မထင်မှတ်ထားတဲ့ အရာတွေနဲ့ ကြုံတွေ့လာခဲ့ရပါတယ်။ ဒီလိုအချိန်မှာ ပြိုင်ပွဲအတွက် Photo Shooting တွေတောင် မလုပ်နိုင်တော့ဘဲ  မြန်မာပြည်သူတွေနဲ့အတူ ဓမ္မဘက်ကနေ ရပ်တည်ပြီး လမ်းပေါ်ထွက်ကာ ဆန္ဒဖော်ထုတ်ခဲ့တာပါ။ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ကုန်ကျမယ့် စရိတ်တွေကိုလည်း လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း ကျဆုံးသွားခဲ့ကြတဲ့သူရဲကောင်းတွေအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။သွားရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ချိန် အနည်းငယ်ပဲ ကျန်တော့တာကြောင့်  ရတဲ့အချိန်တိုအတွင်း ပြိုင်ပွဲအတွက် အတော်လေးကိုကြိုးစားလုပ်ဆောင်ခဲ့ကြောင်းကိုလည်း ပြောပြထားပါသေးတယ်။

Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 

မြန်မာနိုင်ငံအတွက် ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ Speak Out လုပ်ပေးခဲ့တဲ့ သူဇာဝင့်လွင်ရဲ့ စိတ်ဓာတ်ကိုတော့ မလေးစားဘဲ မနေနိုင်ပါဘူးနော်။ မကြာသေးခင် မိနစ်ပိုင်းလောက်က မေဦးရဲ့ Facebook အကောင့်တွင်လည်း "  ငါတို့မကြိုက်တဲ့သူတွေမတရားအုပ်ချုပ်နေသရွေ့ အခုလိုပဲ နည်းမျိုးစုံနဲ့တော်လှန်နေအုံးမှာ၊ ကိုယ်တိုင် လမ်းမတွေပေါ်မှာတော်လှန် 

ချို့တဲ့သူတွေကိုထောက်ပံ့ပေးရုံသာမက

အခုလို ဘဝနဲ့ပါရင်းပြီး အမှန်တရားဘက်တော်သားပြည်သူတွေနဲ့အတူ အာဏာရှင်ကိုတော်လှန်တိုက်ထုတ်ပေးနေလို့ ကျေးဇူးအရမ်းတင် လေးစားပါတယ် 

သမီးရေ Candy Thuzar ??❤️" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် သူဇာဝင့်လွင်ကို အွန်လိုင်းမှတစ်ဆင့် Voting ပေးကာ အားပေးဝန်းရံပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေနော်။

Source and Photo Crd-Thuzar Wint Lwin’s Facebook Page and May Oo’s Facebook Account 

Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T