သူမလှူဒါန်းထားတဲ့ ခြေတုအား အကြမ်းစီးပြီး လမ်းလျှောက်စမ်းနေသော သားလေးရဲ့ပုံတွေကို ကြည့်ပြီး ပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/83/8394a87f900f7b7761d19bc147cf1944a5be3640.jpeg
အနုပညာရှင်များ

 ၀၈-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရဟိတအလုပ်တွေကို ကြိုးစားပမ်းစား လုပ်ကိုင်နေပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေသူကတော့ သရုပ်ဆောင်  ခိုင်နှင်းဝေပဲ  ဖြစ်ပါတယ်။ သူမကတော့  ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို တည်ထောင်ထားပြီး စွန့်ပစ်ခံထားရတဲ့ လူမမယ်ကလေးတွေကို မိခင်ရင်းပမာ ပြုစုစောင့်ရှောက်ပေးနေတာလည်း  ဖြစ်ပါတယ်။  ဘာသာရေးလည်း ကိုင်းရှိုင်းသူဖြစ်ပြီး ဘုရားရှိခိုးတိုင်းလည်း မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်းပါစေလို့ ဆုတောင်းပေးနေတာ ဖြစ်ပါတယ်။

Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 

​လတ်တလောအခြေအနေများကြောင့် စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေထံသို့ သွားရောက်ကာစားသောက်ကုန်ပစ္စည်းတွေကို သွားရောက်လှူဒါန်းပေးနေတာလည်း ဖြစ်ပါတယ်။ ဂေဟာသို့ လှူဒါန်းပေးကြတဲ့ကလေးအသုံးအဆောင် ပစ္စည်းတွေကိုလည်း သူမထံ အကူအညီလာတောင်းတဲ့ ကလေးမိခင်များအား ပြန်လည်ထောက်ပံ့ပေးနေတာကို ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါ။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်း မွေးရာပါလမ်းမလျှောက်နိုင်တဲ့ ကလေးတစ်ဦးအား ခြေတုလှူဒါန်းပေးထားတာ ဖြစ်ပါတယ်။

Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ခိုင်နှင်းဝေရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  သူမလှူဒါန်းထားတဲ့ ခြေတုအား အကြမ်းစီးကာ လမ်းလျှောက်စမ်းနေသော သားလေးရဲ့ပုံတွေကို ကြည့်ပြီး ပီတိဖြစ်နေအကြောင်းကိုရေးသားထားတာ ဖြစ်ပါတယ်။ " အကြမ်းစီးပြီး လမ်းလျှောက်စမ်းရင်း ပျော်နေတဲ့ သားလေးပုံလေးတွေ ပို့လာတော့ ပီတိဖြစ်ရပါတယ်ရှင်...လမ်းလျှောက်လို့ရ ကျောင်းလည်း တက်လို့ရတော့မှာမို့ ပျော်နေကြောင်းလေး ပို့လာတဲ့ အတွက် ဝမ်းသာမိပါတယ်...သက်ရှည် ကျန်းမာပြီး ပညာတတ်ကြီး ဖြစ်ပါစေ ..မိဘ ကျေးဇူး ပြန်ဆပ်နိုင်ပါစေသားရေ..❤️❤️..." ဆိုပြီး ပြန်လည်ဝေမျှ ပေးထားတာ ဖြစ်ပါတယ်။ အများအတွက် ကိုယ်ကျိုးစွန့်ကာ  ပရဟိတအလုပ်တွေကိုလုပ်ကိုင်နေတဲ့  ခိုင်နှင်းဝေရဲ့စိတ်ထားကိုတော့ မလေးစားဘဲ  မနေနိုင်ပါဘူးနော်။ 

ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဒီ့ထက်မက ပိုမိုလုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။ 

Source and Photo Crd-Khine Hnin Wai’s Facebook Page 

Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T